Sunday, July 19, 2020

ထိုင်းတွင် ကျောင်းသားနှစ်ဦးသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားသည့် နေရာများကို သွားရောက်ခဲ့သည့်အတွက် ဘန်ကောက်ရှိ စာသင်ကျောင်းနှစ် ကျောင်းပိတ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ကျောင်းသားနှစ်ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု အသစ်ဖြစ်ပွားသည့် နေရာများကို သွားရောက်ခဲ့ခြင်းကြောင့် ၎င်းတို့တက်ရောက်နေသည့် စာသင် ကျောင်းနှစ်ကျောင်းကို ပိတ်ပစ်ခဲ့ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက်မြို့တော်ရှိ စာသင် ကျောင်းတစ်ကျောင်းစီမှ ကျောင်းသား တစ်ဦးစီ၏ မိသားစုဝင်များသည် ကိုဗစ် - ၁၉ ရောဂါပိုး အသစ်ကူးစက်သည့် နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း တွေ့ရှိရပြီးနောက် အဆိုပါကျောင်းများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဖရာထိုင်းနယ်မြေရုံးက ပြုလုပ်မည့် သန့်ရှင်းရေးလုပ်ငန်းများအတွက် ကျောင်းကို တစ်ရက်ပိတ်မည်ဖြစ်ကြောင်း အဆိုပါကျောင်း၏ ဒါရိုက်တာ ဆာဟာချိုင်း ဆာဆူအန်က ပြောသည်။
အလည်အပတ်သွားခဲ့သည့် ကျောင်းသားကိုလည်း ၁၄ ရက်ကြာ နေအိမ်တွင်း အသွားအလာ ထိန်းသိမ်းကန့်သတ် စောင့်ကြည့်ရန် ညွှန်ကြားမည်ဟုလည်း ၎င်းက ဆိုသည်။ သို့သော်လည်း ဆရာများသည် အွန်လိုင်းအတန်းများ ပြင်ဆင်ရန်အတွက် ကျောင်းသွားရမည်ဟု ကျောင်း၏ Facebook Page ကတစ်ဆင့် ထုတ်ပြန် ကြေညာသည်။


crd-The Voice Journal #Myanmar_Online_News
>>Zawgyi<<
ထိုင်းတွင် ကျောင်းသားနှစ်ဦးသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားသည့် နေရာများကို သွားရောက်ခဲ့သည့်အတွက် ဘန်ကောက်ရှိ စာသင်ကျောင်းနှစ် ကျောင်းပိတ်
Sunday, July 19, 2020
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် တွင် ကျောင်းသားနှစ်ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု အသစ်ဖြစ်ပွားသည့် နေရာများကို သွားရောက်ခဲ့ခြင်းကြောင့် ၎င်းတို့တက်ရောက်နေသည့် စာသင် ကျောင်းနှစ်ကျောင်းကို ပိတ်ပစ်ခဲ့ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက်မြို့တော်ရှိ စာသင်ကျောင်းတစ်ကျောင်းစီမှ ကျောင်းသားတစ်ဦးစီ၏ မိသားစုဝင်များသည် ကိုဗစ် - ၁၉ ရောဂါပိုး အသစ်ကူးစက်သည့် နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း တွေ့ရှိရပြီးနောက် အဆိုပါကျောင်းများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဖရာထိုင်းနယ်မြေရုံးက ပြုလုပ်မည့် သန့်ရှင်းရေးလုပ်ငန်းများအတွက် ကျောင်းကို တစ်ရက်ပိတ်မည်ဖြစ်ကြောင်း အဆိုပါကျောင်း၏ ဒါရိုက်တာ ဆာဟာချိုင်း ဆာဆူအန်က ပြောသည်။
အလည်အပတ်သွားခဲ့သည့် ကျောင်းသားကိုလည်း ၁၄ ရက်ကြာ နေအိမ်တွင်း အသွားအလာ ထိန်းသိမ်းကန့်သတ် စောင့်ကြည့်ရန် ညွှန်ကြားမည်ဟုလည်း ၎င်းက ဆိုသည်။ သို့သော်လည်း ဆရာများသည် အွန်လိုင်းအတန်းများ ပြင်ဆင်ရန်အတွက် ကျောင်းသွားရမည်ဟု ကျောင်း၏ Facebook Page ကတစ်ဆင့် ထုတ်ပြန် ကြေညာသည်။
crd-The Voice Journal #Myanmar_Online_News

0 comments:

Post a Comment