Monday, July 13, 2020

ယူကရိန်းဂျက်လေယာဉ်ကို ပစ်ချမိခဲ့ဟု အီရန် ဆို

စနေနေ့ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဇန်နဝါရီလက ယူကရိန်းခရီးသည်တင် လေယာဉ်တစ်စင်းကို မတော်တဆပစ်ချခဲ့သည့်ဖြစ်ရပ်သည် အီရန်အရပ်သားလေကြောင်းပျံသန်းမှုအဖွဲ့က လူသားအမှားအယွင်းနှင့် စစ်ဘက်ဆက်သွယ်ရေးညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟု အပြစ်တင်လိုက်သည်။
မြို့တော်တီဟီရန်မှာခွာပြီးခဏအတွင်း ဒုံးပျံ ၂ စင်း ယူကရိန်းလေယာဉ်ကိုထိမှန်၍ လေယာဉ်ပေါ်ပါလာသူ ၁၇၆ ယောက်စလုံးသေဆုံးခဲ့သည်။ ထိုဖြစ်ရပ်အတွက် တာဝန်မရှိကြောင်း အီရန်က အစပိုင်းတွင် ငြင်းဆိုခဲ့သည်။
သို့သော် အနောက်နိုင်ငံများ၏ထောက်လှမ်းရေးအရာရှိများက အီရန်ပါဝင်မှုရှိကြောင်း သက်သေများတွေ့ရှိပြီး နောက် မှားယွင်းကြောင်း အီရန်က ဝန်ခံခဲ့ပြီး လေယာဉ်ကို ခရုဇ်ဒုံးပျံဟု မှားယွင်းသတ်မှတ်ခဲ့ကြောင်းပြော သည်။ ထိုဖြစ်ရပ်သည် ခွင့်မလွှတ်နိုင်သောအမှားဟု အီရန်သမ္မတဟာဆန် ရိုဟာနီကပြောသည်။

crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<
ယူကရိန်းဂျက်လေယာဉ်ကို ပစ်ချမိခဲ့ဟု အီရန် ဆို
Monday, July 13, 2020
စနေနေ့ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဇန်နဝါရီလက ယူကရိန်းခရီးသည်တင် လေယာဉ်တစ်စင်းကို မတော်တဆပစ်ချခဲ့သည့်ဖြစ်ရပ်သည် အီရန်အရပ်သားလေကြောင်းပျံသန်းမှုအဖွဲ့က လူသားအမှား အယွင်းနှင့် စစ်ဘက်ဆက်သွယ်ရေးညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟု အပြစ်တင်လိုက်သည်။
မြို့တော်တီဟီရန်မှာခွာပြီးခဏအတွင်း ဒုံးပျံ ၂ စင်း ယူကရိန်းလေယာဉ်ကိုထိမှန်၍ လေယာဉ်ပေါ်ပါလာသူ ၁၇၆ ယောက်စလုံးသေဆုံးခဲ့သည်။ ထိုဖြစ်ရပ်အတွက် တာဝန်မရှိကြောင်း အီရန်က အစပိုင်းတွင် ငြင်းဆိုခဲ့သည်။
သို့သော် အနောက်နိုင်ငံများ၏ထောက်လှမ်းရေးအရာရှိများက အီရန်ပါဝင်မှုရှိကြောင်း သက်သေများတွေ့ရှိပြီး နောက် မှားယွင်းကြောင်း အီရန်က ဝန်ခံခဲ့ပြီး လေယာဉ်ကို ခရုဇ်ဒုံးပျံဟု မှားယွင်းသတ်မှတ်ခဲ့ကြောင်းပြော သည်။ ထိုဖြစ်ရပ်သည် ခွင့်မလွှတ်နိုင်သောအမှားဟု အီရန်သမ္မတဟာဆန် ရိုဟာနီကပြောသည်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment