Tuesday, July 7, 2020

စင်္ကာပူနိုင်ငံတွင် မြန်မာအိမ်အကူကို လူသတ်မှုကျုးလွန်ခဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီး

စင်္ကာပူနိုင်ငံတွင် ဇူလိုင်လ(၆) ရက်နေ့ နေ့လည် ၁နာရီကျော်လောက်မှာ အသက် ၃၄ နှစ်အရွယ် မြန်မာအိမ်အကူကို Upper Serangoon က နေအိမ်မှာ အသက် ၉၅နှစ်အရွယ်အမျိုးသမီးကြီးအား လူသတ်မှုကျုးလွန်ခဲ့သည့်အတွက် ရဲက ဖမ်းဆီးလိုက်ပါပြီဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်တဲ့ သတင်းအရ Recreation လမ်းမှာရှိတဲ့ အဆိုပါနေအိမ်မှာ ဓားထိုးမှုဖြစ်ရပ်အတွက် တိုင်ကြားသည့်ကို လာရောက်စစ်ဆေးခဲ့ရာမှ လူသတ်မှုကျုးလွန်တာကို တွေ့ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ အဆိုပါဖြစ်ရပ်ကို လူသတ်မှုအဖြစ် သတ်မှတ်လိုက်ပါတယ်။
မှုခင်းစုံစမ်းချက်အရ သေဆုံးသူနဲ့ အိမ်အကူတို့ဟာ တစ်အိမ်တည်းနေသူတွေလို့ ဆိုပါတယ်။ အမှုကို လာမည့် ဗုဒ္ဓဟူးနေ့မှာ တရားရုံးမှာ စွဲချက်တင်ပါလိမ့်မယ်။
အိမ်နီးချင်းတွေပြောပြချက်အရ အိမ်သားတွေနဲ့ အိမ်အကူတို့ကြား အဆင်မပြေတာတွေ မတွေ့ရသလို ထူးထူးခြားခြားဖြစ်စဉ်တွေလည်း မရှိဘူးလို့ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးကြီးဟာ သားဖြစ်သူနဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။
Source - Si Thu Maung

0 comments:

Post a Comment