
မဲဆန္ဒရှင်စာရင်းတွေကိုရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွမှာ အခုလ ၂၅ရက်မှာစတင်ကြေညာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
မဲစာရင်းကြေညာရာမှာပထမအကြိမ်အဖြစ် ဇူလိုင်လ၂၅ ရက်ကနေ ဩဂုတ်လ ၇ ရက်အထိ ၁၄ ရက်ကြာကပ်ထားပေးမယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ထပ်မံပြီး နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလအတွင်းမှာ ၁၄ ရက်ကြာကြေညာပေးသွားဦးမယ်လို့ဆိုပါတယ်။မဲဆန္ဒရှင်တွေအနေနဲ့ မိမိမဲစာရင်းမပါရင် ပုံစံ၃နဲ့ အမည်စာရင်းပေးတောင်းဆိုနိုင်ပြီး မပါဝင့်သင့်သူတွေ ပါဝင်ပါက ပုံစံ ၄ နဲ့ ကန့်ကွက်နိုင်တယ်လို့သိရပါတယ်။မဲစာရင်းပါအချက်အလက်တွေမှားယွင်းနေပါက ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လျောက်ထားနိုင်တယ်လို့ ကော်မရှင်ကထုတ်ပြန်ထားပါတာ်။
၂၀၀၈ အခြေခံဥပဒေနဲ့ အညီကျင်းပတဲ့ တတိယအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။


Crd : UEC #Myanmar_Online_News
0 comments:
Post a Comment