Saturday, July 25, 2020

တောင်ကိုရီးယားမှာ တစ်နေ့ထဲအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၁၃ ဦး ထပ်တိုးခဲ့ပြီး အများစုမှာ ပြည်ပပြန်များဖြစ်

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၁၁၃ ဦး ထပ်တိုးလာတယ်လို့ ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ ( KCDC ) က စနေနေ့ ( ဇူလိုင် ၂၅ ရက်) မှာ ပြောကြားပါတယ်။
ဒီနေ့စဉ်ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ မတ်လကစ ယနေ့အထိမှာ အမြင့်ဆုံး ကူးစက်မှုနှုန်းဖြစ်ပြီး နိုင်ငံရဲ့ ပိုးကူးစက်လူနာ စုစုပေါင်း ၁၄၀၉၂ ဦး ရှိလာခဲ့ပါတယ်။ အသစ်ထပ်တိုးလာတဲ့ ပိုးကူးစက်လူနာတွေထဲမှ ၈၆ ဦးဟာ ပြည်ပမှ ဝင်ရောက်လာသူတွေဖြစ်ပြီး နိုင်ငံတွင်းမှ ပိုးကူးစက်လူနာကတော့ ၂၇ ဦးသာ ရှိတယ်လို့ သိရပါတယ်။ အသစ်ထပ်တိုးလာတဲ့ ပိုးကူးစက်လူနာတွေဟာ ပြည်ပမှ ဝင်ရောက်လာတဲ့ ကူးစက်လူနာတွေကြောင့် ၁၀၀ ကျော်သွားရတာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့က မှတ်တမ်းတင်ခဲ့တဲ့ ထပ်တိုးပိုးကူးစက်မှုနှုန်း၁၂၅ ဦးပြီးရင် အမြင့်မားဆုံး ပိုးကူးစက်လူနာ ထပ်တိုးနှုန်းပဲ ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေး အာဏာပိုင်တွေက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်လူနာ အများစုဟာ ရုရှားသင်္ဘောမှ သင်္ဘောသားများနဲ့ အီရတ်နိုင်ငံမှ စစ်လေယာဉ်နဲ့ ပြန်လာကြတဲ့ တောင်ကိုရီးယား အလုပ်သမားတွေ ဖြစ်တယ်လို့ KCDC မှ ဒါရိုက်တာ Kwon Jun-wook က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၄၀၉၂ ဦး၊ သေဆုံးသူ ၂၉၈ ဦး ရှိနေပြီး ပြန်လည်သက်သာလာသူ ၁၂၈၆၆ ဦအးထိ ရှိလာပြီ ဖြစ်တယ်လို့ တရားဝင်ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment