Monday, July 20, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပိဋကသုံးပုံ ရေးဖြေအောင် ဆရာတော် တို့အား ဂုဏ်ပြု ချီးကျူး ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပခဲ့သော(၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋက သုံးပုံကျမ်း အစုံကို အာဂုံပြန်ဆိုခြင်း၊ ရေးသား ဖြေဆိုခြင်း ပြုတော်မူခဲ့ကြ၍ ပိဋကသုံးပုံ ရေးဖြေအောင် (၁) ပါး၊ ပိဋက နှစ်ပုံခွဲအောင် (၁) ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် (၂) ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် (၄) ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် (၅)ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် (၂၄) ပါး၊ ဝိနည်း ပထမပိုင်း ရေးဖြေအောင် (၉) ပါး၊ ဝိနည်း ပထမပိုင်း အာဂုံအောင် (၆၀) ပါး စုစုပေါင်း (၁၀၆) ပါးတို့အား ချီးကျူး ပူဇော်ခြင်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ၊ ဆဌသင်္ဂါယနာ မဟာပါသာနာ လိုဏ်ဂူသိမ်တော်ကြီးတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက် ပူ​ဇော်ဆက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။

၂၀. ၇. ၂၀၂၀ ရက်
နံနက် ၈ နာရီ
Crd : Phyoe Min Thein'Fb #Myanmar_Online_News

0 comments:

Post a Comment