Wednesday, July 15, 2020

ကိုဗစ်ကာလထဲမှာ မြို့ပေါင်း(၃၀)ကလိင်အလုပ်သမားတွေကို ထောက်ပံ့ကြေးပေး

တော်ဝင်ခရေအဖွဲ့နဲ့ အောင်မြင်မှုအဖွဲ့တို့ပူးပေါင်းပြီး အမျိုးသမီးလိင်လုပ်သား အယောက် (၅၀၀)အတွက်တစ်ယောက်ကို ငွေကျပ်(၇၂၀၀၀) ထောက်ပံ့ပေးခဲ့တယ်လို့ တော်ဝင်ခရေအဖွဲ့ကသိရပါတယ်။
အသက်မွေးဝမ်ကျောင်းမှုနဲ့စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT)အဖွဲ့ရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ အထည်ချုပ် အလုပ်သမားတွေကိုထောက်ပံ့တဲ့အစီအစဉ်မှာ လိင်လုပ်သားတွေအတွက်ကူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဒီအချိန်မှာ Sex Worker တွေလည်း အမျိုးသမီးတွေပဲ ဒီအချိန်မှာ သူတို့တွေလည်း အလုပ်အကိုင်အခွင့်အ လမ်းက ရှားပါးနေတဲ့အချိန်ဖြစ်နေပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း(၃၀)က လိင်အလုပ် သမားတွေကို လူစာရင်းတွေကောက်ပြီးတော့ Wave Money နဲ့ငွေလွှဲပေးခဲ့တာပါ။" လို့ တော်ဝင်ခရေအဖွဲ့ဥက္ကဋ္ဌ မနှင်းနှင်းနုက O Media ကို ပြောပါတယ်။
ထောက်ပံ့ငွေတွေကိုတော့ ဇူလိုင်လဆန်းပိုင်းက စတင်ပေးအပ်နေတာဖြစ်ပြီး သူတို့တွေရဲ့ မိသားစုအခြေ အနေနဲ့ ART ဆေးသောက်နေတဲ့အခြေအနေတွေပေါ်မူတည်ပြီး ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လိင်အလုပ်သမားအဖြစ်လုပ်ကိုင်နေတဲ့ အမျိုးသမီးပေါင်းဟာ (၅၅၀၀၀) လောက်ရှိတယ်လို့ တော်ဝင်ခရေအဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။
Ref ; O Media

0 comments:

Post a Comment