Friday, July 17, 2020

အာဇာနည်နေ့ အခမ်းအနားတက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်သို့ရောက်ရှိ

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုတက်ရောက်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဝန်ကြီးချုပ်၊ မြို့တော်ဝန် နှင့် တာဝန်ရှိသူများမှ သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment