
မန္တလေး၊ အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးနားက တာရိုးကျိုးပေါက်မှုကြောင့် ရပ်ကွက် (၄)ခုက ရေဘေးရှောင်ပြည်သူ (၄)ထောင်ကျော်ရှိလာပြီလို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မျိုး၏ ပြောကြားချက်အရ သိရပါတယ်။
ပြည်သူတွေကို ဘေးလွတ်ရာရွှေပြောင်းထားပြီး ကျိုးပေါက်သွားတဲ့နေရာကို အမြန်ဆုံးပိတ်ဆို့နိုင်ဖို့ သက်ဆိုင်ရာ က ဆောင်ရွက်နေသလို နိုင်ငံတော်ရဲ့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။
တာကျိုးသွားတဲ့နေရာဟာ စစ်ကိုင်း-မန္တလေး ကမ်းနားကားလမ်းတာဘောင်ဖြစ်ပြီး အကျယ်ပေ(၃၀)လောက် ရှိတယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့စည်းတွေ၊ တပ်မတော်နဲ့ အလှူရှင်တွေက ထမင်းထုပ်နဲ့ရေသန့်ဘူးတွေ လှူဒါန်းနေတယ်လို့လည်း သိရပါတယ်။





Crd : O Media
0 comments:
Post a Comment