Monday, July 6, 2020

လူနာအမှတ် ၃၁၁ နဲ့ လာအိုမှအတူပြန်လာသူ ၁၂ ဦးကို ပဲခူးတိုင်းမှာ အသွားအလာကန့်သတ်ထား

လာအိုပြန် ကိုဗစ် ၁၉ လူနာအမှတ် ၃၁၁ ဟာ တရားမဝင်လမ်းကြောင်းက ပြန်ရောက်လာသူဖြစ်ပြီး သူနဲ့ အ တူပြန်သူတွေထဲက အချို့ကို မနေ့(ဇူလိုင် ၅)ရက်နေ့ကမှ ကွာရန်တင်းစောင့်ကြည့်လိုက်ရသူ တွေရှိနေပါတယ်။
လာအိုကနေ လူနာ ၃၁၁ နဲ့အတူ ပြန်လာတဲ့ သူတွေဟာ မန္တလေး ၊စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင် ၊ပဲခူးတိုင်း ထဲမှာရှိနေတယ်လို့ လတ်တလော သိရပါတယ်။ ပဲခူးတိုင်းထဲ မှာ ၁၂ ယောက်ရှိရာ မင်းလှမြို့က အမျိုးသားတစ်ဥိးကိုတော့ မနေ့ကမှ ရန်ကုန်ကနေ ဆေးရုံကားနဲ့ ပြန်လည်ခေါ်ဆောင်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်ထားရတယ်လို့ သိရပါတယ်။
"အခုလာအိုက သွားကတည်းက တရားမဝင်သွားတော့ ပြန်လာတော့အစိုးရအဖွဲ့နဲ့ ညှိလို့မရတော့ သူတို့ဘာ သာပြန်လာတယ်။ ဝင်ချလာတယ်။ တာချီလိတ်မှာမိတယ်။ အဲဒီကနေ တောင်ကြီးကို အစောင့်ရဲတွေနဲ့ ကားနဲ့ပြန်ပို့တယ်။ သက်ဆိုင်ရာ တိုင်းဒေသ ကြီးက အကြောင်းကြားတယ်ပေါ့။ မင်းလှ ကဆို မနေ့ကမှအဆက်သွယ်ရပြီး ဆေးရုံကားနဲ့. မင်းလှကိုပြန်ခေါ်ထားရတယ်။အုပ်ဖိုကတော့ ရွာမှာတင် တန်းသိရတယ်။တခြားနေရာတော့မသိဘူး ဆရာတို့ တိုင်းမှာတော့ အကုန်ထိန်းချုပ်နိုင်ပြီ"လို့ ပဲခူးတိုင်းဒေသကြီးကျန်းမာ ရေးဦးစီး ဌာနမှဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းကပြောပါတယ်။
ပြည်ပပြန်တွေကိုပို့ဆောင်မှုမှာ အုပ်ချုပ်သူမပါတာ ၊ ကြီးကြပ်မှု လျော့နည်းတာတွေကြောင့်လည်း အခုလို လမ်းတစ်ဝက်မှာ Q ဝင်ရမယ့်သူ ပျောက်တာတွေဖြစ်နိုင်သလို ၊ ပြည်ပပြန်တွေအနေနဲ့လည်း မိမိအသိစိတ် ဓာတ်နဲ့ နိုင်ငံအတွက် ၊ လူအားလုံးအတွက် ပြည်ပကနေပြန်လာတာနဲ့ Q ဝင်ဖို့ကို မဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်နေတယ်လို့သိရပါတယ်။
လက်ရှိ လူနာ ၃၁၁ နဲ့ အတူပြန်လာတဲ့ ပဲခူးတိုင်းထဲက လာအိုပြန် ၁၂ ဦးကိုတော့ ကွာရန်းတင်း စင်တာတွေ မှာ အသွားအလာကန့်သတ် စောင့်ကြည့်နေပြီဖြစ်ပါတယ်။ အားလုံးကို နှာခေါင်း တို့ဖတ် ၊အာခေါင်တို့ဖတ်ရယူပြီး ပို့ဆောင်ထားကြောင့် တချို့မှာ Negative အဖြေထွက်ထားပြီး တချို့က ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။
လူနာအမှတ် ၃၁၁ ကလည်း ရန်ကုန်ကို ရောက်လာစဉ် Quarantine ချက်ခြင်းမဝင်ဘဲ ထောက်အကြံ့အဝင်မှာ ဆင်းခဲ့ပြီး YBS စီးပြီး နေရပ်ကိုပြန်ခဲ့ကြောင်း၊ ဒီအခြေအနေကို ရပ်ကွက်ကသိပြီးချက်ခြင်း Quarantine စင်တာကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကွန်ယက်မှာ ပြောဆိုနေပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး "လူနာ က ဆိုင်ကယ် ကယ်ရီစီးသလား၊ ybs ၉၀ စီးခဲ့သလားဆိုတာ စုံစမ်းနေတုန်းပဲ၊လူနာကပြောခဲ့တာလည်းမဟုတ်ဘူး။ ဒီကလူတွေကပြောနေတာပဲရှိတယ်။ တကယ်စီးသလားအတိကျမသိရသေးဘူး။ လူနာက ကွာရန်တင်းဝင်သွားပြီးမှရောဂါရှိမှန်းသိတော့သူ့ရဲ့ဇာတ်ကြောင်းကို ကျွန်တော်တို့က မစုံစမ်းရသေးဘူး။ ကာယကံရှင်ကပြောမှပဲသိရမယ်၊ ဒါကျန်းမာရေးဌာနက ဘယ်ယာဉ်လိုင်းစုံစမ်းပေးပါဆိုတော့မှ စုံစမ်းရမှာဖြစ်တယ်။ " လို့ တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးခိုင်က ပြောပါတယ်။
Ref ; Duwun

0 comments:

Post a Comment