Wednesday, July 22, 2020

ဘရာဇီးနိုင်ငံ၏ ပညာရေးဝန်ကြီး နှင့် ပြည်ထဲရေးဝန်ကြီးတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဘရာဇီးနိုင်ငံ၏ ပညာရေးဝန်ကြီး မီလ်တန်ရီဘေရိုနှင့် ပြည်ထဲရေးဝန်ကြီး အိုနစ်လိုရင်ဇိုနီတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထို့အတူ ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရို သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လနှင့်ချီ ကြိုးပမ်း လုပ်ဆောင်လာခဲ့ပြီးနောက် ဇူလိုင် ၇ ရက်က ၎င်းကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရပြီး ယခုအခါ ဘရာဇီးလီးယားမြို့ရှိ ၎င်း၏ နေအိမ်၌ သီးခြားခွဲ၍ နေထိုင်ကာ ယခုအခါ ပြန်လည်ကျန်းမာလာကြောင်း သိရ သည်။
ပြည်ထဲရေးဝန်ကြီး လိုရင်ဇိုနီသည် ဇူလိုင် ၁၆ ရက်က ကိုဗစ်-၁၉ ရောဂါလက္ခဏာ ကို စတင်ခံစားခဲ့ရပြီးနောက် azithromycin ၊ invermectin နှင့် chloroquine စသည့် ဆေးဝါးများကို သောက်ပြီး ဇူလိုင် ၁၇ ရက်တွင် ရောဂါပြန်လည်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာပေါ်၌ ရေးသားဖော်ပြထားသည်။
ထို့အတူ ဝန်ကြီးရီဘေရိုက မိမိသည် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်က ဆေးအဖြေ လက်ခံရရှိခဲ့ကာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ သောကြောင့် ယင်းနေ့မှစ၍ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်ဟု ၎င်း၏ တွစ်တာစာမျက်နှာ ပေါ်တွင် ဖော်ပြထားသည်။ သို့သော် ဝန်ကြီး ရီဘေရိုသည် ၎င်း၏ ရုံးလုပ်ငန်းများကို ဘရာဇီးလီးယားမြို့ရှိ ဟိုတယ်တစ်ခုမှ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။
လက်ရှိအချိန်အထိ ဘရာဇီးနိုင်ငံ၌ အခြား တာဝန်ရှိသူများ အပါအဝင် ကက်ဘိနက် အဖွဲ့ဝင်လေးဦး ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရကြောင်း သိရသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး ဘင်တိုအယ်လ်ဘူကွေယာကွီ နှင့် လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဩဂတ်စတို ဟယ်လယ်နိုတို့သည် ရောဂါကူးစက်ခံခဲ့ရပြီး နောက် ရောဂါမှ ချက်ချင်းပြန်လည်ကျန်းမာ သွားကြောင်း သိရသည်။
လက်ရှိအချိန်အထိ ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၂.၁ သန်းကျော်ရှိပြီး လူ‌ ၈ သိန်းကျော် သည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ပ်ကင်း သုတေသနလေ့လာရေး တက္ကသိုလ်မှ ထုတ်ပြန်သည့် ကိန်းဂဏန်း များအရ သိရသည်။
crd-The Mirror Daily #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment