Friday, July 24, 2020

နမ့်စန်မြို့အနီး ပြည်ထောင်စုလမ်းမပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ကုန်းဘုတ်ကျေးရွာလမ်းခွဲအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။
ဇူလိုင် ၂၃ ရက် ည ၁၁ နာရီဝန်းကျင်က အိမ်စီးကားတစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦးသည် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
" အခုလောလောဆယ်တော့ လူကြီးတွေ အစည်းအဝေးလုပ်နေပါတယ်။ နောက်မှ ပြန်ဆက်သွယ်လိုက်ပါ" ဟု နမ့်စန်မြို့မရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းနေကြောင်း သိရသည်။
နမ့်စန်မြို့၌ ယခုနှစ်တွင် ဇန်နဝါရီလ ၃၀ ရက်၊ ညနေပိုင်းက မြို့လယ်ခေါင်တွင် ဆိုင်ကယ်ဖြင့်လူနှစ်ဦးစီးမောင်းနှင်လာပြီ ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Crd : MeKongNews

0 comments:

Post a Comment