Sunday, July 19, 2020

အီရန်ပြည်သူ ၂၅ သန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ပြည်သူ ၃၅ သန်း ကူးစက်နိုင်ခြေရှိတယ်ဟု သမ္မတပြော


လူဦးရေ သန်း ၈၀ ရှိတဲ့ အီရန်နိုင်ငံဟာ မြို့တော်နဲ့ တခြားနေရာတွေမှာ ကန့်သတ်ချက်တွေ ထပ်မံသတ်မှတ်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူက ၂၅ သန်း ရှိနေပြီး နောက်ထပ် ၃၅ သန်းက ကူးစက်မယ့် အန္တရာယ်ရှိနေတယ်လို့ သမ္မတ ဟက်ဆန်ရိုဟာနီက ဇူလိုင် ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ကျန်းမာရေး ဒုဝန်ကြီး သုတေသနပေါ် အခြေခံပြီး ဇူလိုင် ၁၈ ရက် တရားဝင်အစိုးရ ကိန်းဂဏန်း ၂၇၀,၀၀၀ ‌ကျော်ထက် အတော်မြင့်မားနေကြောင်း သမ္မတရုံးက ပြောဆိုပါတယ်။
“ခန့်မှန်းထားတာက အခုဆိုရင် အီရန်ပြည်သူ ၂၅ သန်းဟာ ဗိုင်းရပ်စ် ကူးစက်နေပြီး ၁၄,၀၀၀ ခန့်ဟာ အသက်သေဆုံးခဲ့ရတယ်၊ တခြား အီရန် ပြည်သူ ၃၅ သန်းဟာလည်း ကူးစက်နိုင်ခြေရှိတယ်” လို့ သမ္မတ ရိုဟာနီက ပြောဆိုသွားခဲ့ပါတယ်။
>>Zawgyi<<
အီရန်ပြည်သူ ၂၅ သန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ပြည်သူ ၃၅ သန်း ကူးစက်နိုင်ခြေရှိတယ်ဟု သမ္မတပြော
Sunday, July 19, 2020
လူဦးရေ သန်း ၈၀ ရှိတဲ့ အီရန်နိုင်ငံဟာ မြို့တော်နဲ့ တခြားနေရာတွေမှာ ကန့်သတ်ချက်တွေ ထပ်မံသတ်မှတ်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူက ၂၅ သန်း ရှိနေပြီး နောက်ထပ် ၃၅ သန်းက ကူးစက်မယ့် အန္တရာယ် ရှိနေတယ်လို့ သမ္မတ ဟက်ဆန်ရိုဟာနီက ဇူလိုင် ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ကျန်းမာရေး ဒုဝန်ကြီး သုတေသနပေါ် အခြေခံပြီး ဇူလိုင် ၁၈ ရက် တရားဝင်အစိုးရ ကိန်းဂဏန်း ၂၇၀,၀၀၀ ‌ကျော်ထက် အတော်မြင့်မားနေကြောင်း သမ္မတ ရုံးက ပြောဆိုပါတယ်။
“ခန့်မှန်းထားတာက အခုဆိုရင် အီရန်ပြည်သူ ၂၅ သန်းဟာ ဗိုင်းရပ်စ် ကူးစက်နေပြီး ၁၄,၀၀၀ ခန့်ဟာ အသက်သေဆုံးခဲ့ရတယ်၊ တခြား အီရန် ပြည်သူ ၃၅ သန်းဟာလည်း ကူးစက်နိုင်ခြေရှိတယ်” လို့ သမ္မတ ရိုဟာနီက ပြောဆိုသွားခဲ့ပါတယ်။

0 comments:

Post a Comment