Sunday, July 12, 2020

တာချီလိတ်တွင် သွေးလွန်တုပ်ကွေးကြောင့် သံဃာ ၂ ပါးနှင့် ကလေးငယ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဇူလိုင်လအတွင်းက သွေးလွန်တုပ်ကွေးရောဂါကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူပြီး အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပြည်သူတွေနဲ့ပူးပေါင်းပြီး လုပ်ငန်းတွေ အရှိန်အဟုန်မြင့် ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။ လာမယ့် စနေနေ့တိုင်း သွေးလွန်တုပ်ကွေး ရောဂါ တားဆီးကာကွယ်ရေးလှုပ်ရှားမှု အနေနဲ့သတ်မှတ်ပြီး မြို့ပေါ်ရပ်ကွက်များမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်သွားဖို့ ရှိပါ့မယ်” ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောဆိုခဲ့သည်။
အဆိုပါလုပ်ငန်းစဉ်တွင် တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဆေးရုံအုပ်ကြီးတို့ ဦးဆောင်သည့် ဌာနဆိုင်ရာ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းများပါဝင်ပြီး ရပ်ကွက်ပြည်သူများနှင့် ပူးပေါင်းကာခြင်ဆေးဖြန်းစက် ၅ လုံး ကို တစ်ပြိုင်တည်း အသုံးပြု၍ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခတ်ခြင်းများ၊စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရန် ၊ ခြင်မကိုက်ခြင်းမှ ကာကွယ်ရန် တို့ကို ဆန်ဆိုင်း(ခ)၊ ဝမ်မိုင်၊ ဝိန်းကျောက်၊ မိုင်းကိုး၊ ပန်ဟတ်ဘုန်းတော်ကြီးကျောင်း၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုနှင့် လွန်းကျိုင်းရွာ တို့တွင် သွားရောက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ မြင့်ကျော်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ ရဟန်းတော်များဆုံးပါးရာတွင် အခြားသွေးတိုး၊ နှလုံးရောဂါ များရှိနေပြီး ယခင်နှစ်ကထက် သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုကို အထူးအလေးထား ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သွေးလွန်တုတ်ကွေးရောဂါကြောင့် မေလ ၁၂ ရက်က ပန်ဟတ်ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် တစ်ပါး၊ ဇွန်လ ၂၆ ရက်က သံဃာတော် တစ်ပါးနှင့် ဇူလိုင်လ ၁၀ ရက် နံနက် ၂ နာရီအချိန်ခန့်က လွန်ကျိုင်းကျေးရွာမှ အသက် ၁၁ နှစ် အရွယ် စတုတ္ထတန်းကျောင်းသားလေး တစ်ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Ref ; Kanbawza Tai News

0 comments:

Post a Comment