Friday, July 24, 2020

ရွှေတိဂုံစေတီတော်ကို တစ်ကြိမ်ဖူးမြှော်လျှင် လူ ၂၀၀၀ ဖူးမြှော်ခွင့်ရရန် ဝန်ကြီးဌာနသို့ တင်ပြထား

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို တစ်ကြိမ်ဖူးမြှော်လျှင် လူ ၂၀၀၀ ဖူးမြှော်ခွင့်ရရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ဇူလိုင် ၂၄ရက်တွင် ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်သို့ တစ်ကြိမ်တက်လျှင် လူဦးရေနှစ်ထောင်တက်ခွင့်ပြုုပြီး ယင်းလူနှစ်ထောင်အနက် စောင်းတန်းတစ်ခုခုမှ ပြန်ဆင်းသည့် လူအရေအတွက်အတိုင်း ပြန်လည်တက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
"လူနှစ်ထောင်ဝင်ပြီး ဖူးမြှော်ခွင့်ပြုမယ်ဆိုတာ စီမံချက်တင်ထားတုန်းပဲရှိပါသေးတယ်။ ဝန်ကြီးဌာနကနေ အတည်ပြုချက်ပြန်မရသေးပါဘူး။ စေတီတော်ဖွင့်လှစ်ရေးစီမံချက်ပေါ့။ စီမံချက်ထဲမှာ တစ်ကြိမ်ကို နှစ်ထောင်ပေါ့။ နှစ်ထောင်ပြီးရင် ကျန်တဲ့လူတွေက ခဏစောင့်။ ပြန်ဆင်းလာတဲ့လူတွေရဲ့ အရေအတွက် အ တိုင်း ပြန်တက်ပေါ့။ အဲ့ဒါမျိုးပေါ့။ စီမံချက်ထဲမှာတော့ အချိန်နဲ့ ကန့်သတ်ပြီးတော့ ဖွင့်လှစ်သွားမှာပါ။ နံနက် ၉ နာရီကနေ ညနေ ၃ နာရီထိစသဖြင့်ပေါ့။ လူနှစ်ထောင်ဘုရားပေါ်တက်ပြီးရင် ခနရပ်ထားမယ်။ ရပ်ထားပြီးမှ စောင်းတန်းတစ်ခုကနေ ဆယ်ယောက်ဆင်းလာရင် ဆယ်ယောက်ပြန်တက်ပေါ့။ အပေါ်မှာတော့ နှစ်ထောင်အမြဲတမ်းရှိနေမှာပေါ့ " ဟု ရွှေတိဂုံစေတီတော်၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရွှေတိဂုံစေတီတော်ကို ဖူးမြှော်ခွင့်ရရှိရန် အွန်လိုင်းမှတစ်ဆင့် နာမည်စာရင်းလျှောက်ထားရမည်ဖြစ်ပြီး လူဦး ရေ အကန့်အသတ်ဖြင့် ဖူးမြှော်နိုင်ရန် IT ပညာရှင်များဖြင့် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
COVID 19 ရောဂါကာကွယ်တားဆီးရေးအတွက် ရွှေတိဂုံစေတီတော်ကို မတ် ၂၅ ရက်မှ စတင်ကာ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တစ်နေ့လျှင် ၇ နာရီသာ ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းနောက် ဧပြီ ၁၀ ရက်မှ စတင်ကာ ဘုရားဖူးခွင့် ပိတ်ထားကြောင်း သိရသည်။
Ref ; Eleven

0 comments:

Post a Comment