Monday, July 13, 2020

တောရိုင်းတိရိစ္ဆာတွေကို စီးပွားဖြစ်မွေးမြူခွင့်ပြုခြင်းသည် ရှားပါးတိရိစ္ဆာန် ဝယ်လိုအားကိုမြင့်တက်စေပြီး ကူးစက်ရောဂါများ ဖြစ်လာနိုင်

တောရိုင်းတ်ရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (WWF)နဲ့ Fauna& Flora International(FFI) တို့က မြန်မာနိုင်ငံရဲ့ ဥပဒေပြောင်းလဲမှုကြောင့် မျိိုးတုန်းမယ့် အန္တရာယ် ကျရောက်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို စီးပွားဖြစ်မွေးမြူခြင်းနဲ့ ​ကမ္ဘာပေါ်ရှိ ရှားပါးတိရစ္ဆာန်တွေရဲ့ဝယ်လိုအားကို မြင့်တက်စေနိုင်တယ်လို့ သတိပေးခဲ့တယ်လို့ DDI News သတင်းက ဇူလိုင် ၁၂ ရက်က ဖော်ပြပါတယ်။
ဇွန်လမှာ မြန်မာအစိုးရက ပုဂ္ဂလိက တိရစ္ဆာရုံတွေမှာ တောရိုင်းမျိုးစိတ် အမျိုးပေါင်း ၉၀ ကို မွေးမြူခွင့်ပြုခဲ့ရာမှာ အမျိုး ၂၀ ကျော်ဟာ မျိုးတုန်းမယ့်အန္တရာယ်ကျရောက်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေပါဝင်နေပါတယ်၊စီးပွားဖြစ်မွေးမြူဖို့ ခွင့်ပြုထားတဲ့ တောရိုင်းတိရစ္ဆာန်စာရင်းမှာ ကျား၊သင်းခွေချပ်၊ဆိုင်ယမ်းမိကျောင်း၊ဧရာဝတီလင်းပိုင် တို့လည်းပါဝင်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ဝယ်လိုအားကြောင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုရဲ့ အဓိကအချက်အချာဖြစ်နေပြီး ကျွမ်းကျင်သူတွေကလည်း မြန်မာနိုင်ငံဟာ ဒီလိုကုန်သွယ်မှုမျိုးကို ထိန်းချုပ်ဖို့စွမ်းရည်မရှိတာကြောင့် တိရစ္ဆာန်တွေဆီကနေ လူတွေဆီကို ကူးစက်ရောဂါတွေ ပြန့်သွားနိုင်တာကို စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် သစ်တောဦးစီးဌာနက ထိန်းသိမ်းရေးအဖွဲ့တွေ၊ ပညာရှင်တွေ၊ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး နောက်မှ စီးပွားဖြစ် မွေးမြူခွင့်ပြုထားတဲ့ တောရိုင်းတိရစ္ဆာန် စာရင်းကို ပြုစုခဲ့တယ်လို့ ဆိုပါတယ်။
crd-ရွှေတြိဂံဒေသသတင်းလွှာ #Myanmar_Online_News
>>Zawgyi<<
တောရိုင်းတိရိစ္ဆာတွေကို စီးပွားဖြစ်မွေးမြူခွင့်ပြုခြင်းသည် ရှားပါးတိရိစ္ဆာန် ဝယ်လိုအားကိုမြင့်တက်စေပြီး ကူးစက်ရောဂါများ ဖြစ်လာနိုင်
Monday, July 13, 2020
တောရိုင်းတ်ရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (WWF)နဲ့ Fauna&Flora International(FFI) တို့က မြန်မာနိုင်ငံရဲ့ ဥပဒေပြောင်းလဲမှုကြောင့် မျိုးတုန်းမယ့် အန္တရာယ် ကျရောက်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို စီးပွားဖြစ်မွေးမြူခြင်းနဲ့ ကမ္ဘာပေါ်ရှိ ရှားပါးတိရစ္ဆာန်တွေရဲ့ဝယ်လိုအားကို မြင့်တက်စေနိုင်တယ်လို့ သတိပေးခဲ့တယ်လို့ DDI News သတင်းက ဇူလိုင် ၁၂ ရက်က ဖော်ပြပါတယ်။
ဇွန်လမှာ မြန်မာအစိုးရက ပုဂ္ဂလိက တိရစ္ဆာရုံတွေမှာ တောရိုင်းမျိုးစိတ် အမျိုးပေါင်း ၉၀ ကို မွေးမြူခွင့်ပြုခဲ့ရာမှာ အမျိုး ၂၀ ကျော်ဟာ မျိုးတုန်းမယ့်အန္တရာယ်ကျရောက်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေပါဝင်နေပါတယ်၊စီးပွားဖြစ်မွေးမြူဖို့ ခွင့်ပြုထားတဲ့ တောရိုင်းတိရစ္ဆာန်စာရင်းမှာ ကျား၊သင်းခွေချပ်၊ဆိုင်ယမ်းမိကျောင်း၊ဧရာဝတီလင်းပိုင် တို့လည်းပါဝင်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ဝယ်လိုအားကြောင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုရဲ့ အဓိကအချက်အချာဖြစ်နေပြီး ကျွမ်းကျင်သူတွေကလည်း မြန်မာနိုင်ငံဟာ ဒီလိုကုန်သွယ်မှုမျိုးကို ထိန်းချုပ်ဖို့စွမ်းရည်မရှိတာကြောင့် တိရစ္ဆာန်တွေဆီကနေ လူတွေဆီကို ကူးစက်ရောဂါတွေ ပြန့်သွားနိုင်တာကို စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် သစ်တောဦးစီးဌာနက ထိန်းသိမ်းရေးအဖွဲ့တွေ၊ ပညာရှင်တွေ၊ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး နောက်မှ စီးပွားဖြစ် မွေးမြူခွင့်ပြုထားတဲ့ တောရိုင်းတိရစ္ဆာန် စာရင်းကို ပြုစုခဲ့တယ်လို့ ဆိုပါတယ်။
crd-ရွှေတြိဂံဒေသသတင်းလွှာ #Myanmar_Online_News

0 comments:

Post a Comment