Wednesday, July 15, 2020

ဇွဲကပင်တောင်တက်လမ်းကြောင်းများတွင် စီစီတီဗီ ကင်မရာများတပ်ဆင်ရန် စီစဉ်နေဟု ဆို

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်သို့ မျက်နှာညိုး ငယ်နေသူများ တစ်ဦးတည်း တက်ရောက် ခွင့်ကို ကန့်သတ်ရန် စီစဉ်ထားပြီး တောင်တက်လမ်းကြောင်းများတွင် စီစီ တီဗီကင်မရာများတပ်ဆင်ရန် စီစဉ်နေ ကြောင်း ဇွဲကပင်တောင်စေတီဂေါပက ဥက္ကဋ ဦးစောသာမြအောင်က ဇူလိုင်လ ၁၃ ရက်တွင်ပြောသည်။
ဇွဲကပင်တောင်ပေါ်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် တက္ကသိုလ်ကျောင်းသားတစ်ဦး မကြာသေးမီက ခုန်ချအဆုံးစီရင်မူများဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် တောင်ပေါ်သို့တစ်ဦးတည်းတက် ရောက်ခွင့် ကန့်သတ်ရန်နှင့် နံနက်စောစောနှင့် ညနေစောင်းအချိန်များတွင် တက်ရောက်မှုကို ကန့်သတ်ရန် စီစဉ်ခြင်း ဖြစ် ကြောင်း သိရသည်။
‘‘အခုလောလောဆယ် အချိန်မ တော်လာရောက်သူတွေကို တောင်ခြေ မှာရှိတဲ့ အစောင့်တွေ၊ ဆရာတော်တွေက မျက်နှာအရိပ်အကဲကြည့်ပြီး အခြေအနေ မကောင်းရင်ပေးမတက်တော့ဘူး။ အဖွဲ့လိုက်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုနောက်ပိုင်းက နည်းနည်းထူးခြားတဲ့သဘော မျိုးဖြစ်နေလို့ အဲဒီလိုမျိုးလုပ်လိုက်တာပါ။ ဘုရားဖူးလာသူတွေကို ပေးမ တက်တော့လည်းမကောင်းဘူး။ ရိုးရိုးသား သားလာတဲ့သူတွေအတွက်လည်း အခက်အခဲဖြစ်တယ်လေ’’ ဟု ၄င်းက ပြောသည်။ ထို့ပြင် တောင်ပေါ်တက် ရောက်သူများစာရင်းကိုလည်း ကောက်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment