Monday, July 27, 2020

မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး စတင်တွေ့ရှိပြီးနောက် ခေဆောင်းမြို့ကို လော့ဒေါင်းချ

မြောက်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တရားမဝင်ပြန်လာသူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေခြင်းဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာကရေးထားဖော်ပြထားသည်။
မြောက်ကိုရီးယား အာဏာရပါတီ၏ အာဘော် Rodong Sinmun သတင်းစာတွင် တနင်္ဂနွေနေ့က ရေးသားဖော်ပြထားခြင်းဖြစ်ပြီး၊ အဆိုပါ ကိစ္စကြောင့် တောင်ကိုရီးယားနှင့် နယ်စပ်အနီးရှိ ခေဆောင်းမြို့ကို လော့ဒေါင်းချရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ထုတ်ပြန်လိုက်ကြောင်းကိုလည်း ရေးသားဖော်ပြထားသည်။
ယခု ကိုရိုနာဗိုင်းရပ်စ်သံသယလူနာသည် တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၃ နှစ်ခန့်ကတည်းကပင်လျှင်တောင်ကိုရီးယားသို့ထွက်သွားခြင်းဖြစ်ပြီး၊ ဇူလိုင် ၁၉ ရက်နေ့တွင်မူ မြောက်ကိုရီးယားသို့ ပြန်လည်ခိုးဝင်လာခြင်းဖြစ်သည်ဟု သတင်းစာကရေးသားထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါတီပေါ်လစ်ဗျူရို အရေးပေါ်အစည်းအဝေးကို စနေနေ့က ပြုလုပ်ခဲ့သည်။ အန္တရာယ်ရှိသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာမည်ကို ကြိုတင်ကာကွယ်သောအားဖြင့် နိုင်ငံတော်အတွင် အမြင့်ဆုံး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ဆောင်ရွက်ရန် ယင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ့ရှိကြောင်းကိုမူ ယခုအချိန်ထိ သတင်းထုတ်ပြန်ခြင်းမရှိသေးချေ။
Ref ; Popular

0 comments:

Post a Comment