Thursday, July 16, 2020

အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ သဘောအတိုင်း လိုက်ပါဆောင်ရွက်မလား

လွန်ခဲ့သောလက အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးခဲ့သည့် Ladakh ဒေသရှိ Galwan တောင်ကြား၌ တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယ-တရုတ်နှစ်နိုင်ငံသည် ၎င်းတို့ အငြင်းပွားနေသည့် Himalayan နယ်စပ်တွင် ကာလကြာရှည် ဆက်လက်တည်ရှိနေ ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုတွင် တရုတ်စစ်သည်များ၏ ထိခိုက်သေဆုံးမှု အရေအတွက်ကို မသိရှိရပါ။
အရေးကြီးသည်မှာ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် အာရှပထဝီနိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်သော ပြောင်းလဲမှုကို မီးမောင်းထိုးပြသခြင်း ဖြစ်နိုင်ပါသည်။
အဆိုပါ ပြောကြားမှုသည် အပေါ်ယံအားဖြင့်ကြည့်လျှင် ချဲ့ကားပြောသည်ဟုထင်ရပြီး နောက်ဆုံးတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံသည် တစ်ဦးနှင့်တစ်ဦး လက်သီးလက်မောင်းတန်း၍ နေထိုင်လျက်ရှိပါသည်။
အိန္ဒိယ-တရုတ်နှစ်နိုင်ငံသည် ၃၅၀၀ ကီလိုမီတာ ရှည်လျားသော အငြင်းပွားနေ သည့် နယ်စပ်တွင် ခိုင်မြဲသောကျေအေးမှုမရရှိသေးသော်လည်း ၄၅ နှစ်အတွင်း အမှန် တကယ်ထိန်းချုပ်ရေးမျဉ်း (LAC) ကို ဖြတ်၍ ပစ်ခတ်မှုမပြုလုပ်ခဲ့ပါ။ ထိုစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ၁၉၉၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂.၅ ဘီလီယံ အထိ မြင့်တက်လာခဲ့ပါသည်။
နှစ်နိုင်ငံတင်းမာမှုများသည် ကာလကြာရှည်သဘောထားကွဲလွဲမှုများကို ပုံရိပ်ထင် စေပြီး ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများကို ဖြစ်ပေါ်စေပါသည်။ တရုတ်နိုင်ငံမှ ပါကစ္စတန်နိုင်ငံနှင့် မဟာမိတ်ပြုခြင်း၊ ၁၉၅၉ ခုနှစ်တွင် တိဘက်ဒေသမှ Dalai Lama ထွက်ပြေးလာချိန်တွင် အိန္ဒိယနိုင်ငံမှ လက်ခံခြင်းနှင့် ခိုလှုံခွင့်ပေးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် “One China” မူဝါဒကို ထောက်ခံခဲ့ပြီး ၎င်း၏ မြောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအား ထိန်းချုပ်မည့် အမေရိကန်ဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ရှောင်ရှားခဲ့ပါသည်။
သို့သော် နောက်ပိုင်း မူဝါဒသည် တရုတ်လက်ထဲတွင်ရှိနေပြီး ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) သည် စစ်ရေးအရကျူးကျော်ဝင်ရောက်မှုများအား ထပ်တလဲလဲပြုလုပ်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ကျူးကျော်ဝင်ရောက်မှုတစ်ခုချင်းစီသည် အသေးအဖွဲမျှသာ ဖြစ်ပြီး တရုတ်နိုင်ငံသည် အမှန်တကယ်ထိန်းချုပ်ရေးမျဉ်း (LAC) တစ်လျှောက်တွင် စတုရန်းကီလိုမီတာ အနည်းငယ်ရယူခဲ့ပြီး ၎င်း၏ တပ်ဖြန့်ခွဲမှုကို အခိုင်အမာ တည်ဆောက်ခဲ့ပါသည်။
ရလဒ်အနေဖြင့် သေးငယ်သည့် ပဋိပက္ခတစ်ခုချင်းစီသည် အမှန်တကယ် ထိန်းချုပ်ရေးမျဉ်း (LAC) တွင် ဆန်းသစ်မှုတစ်ခုအဖြစ် သယ်ဆောင်လာခဲ့ပါသည်။
အနာဂတ်သားစဉ်မြေးဆက်များမှ နယ်စပ်ဒေသအငြင်းပွားမှုများ ဖြေရှင်းသည့် အချိန်တွင် နယ်စပ်ဒေသရှိ စီးပွားရေးနှင့် စစ်ရေးအင်အား ဟန်ချက်ညီမှုသည် တရုတ် နိုင်ငံအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဟု တရုတ်ခေါင်းဆောင်များမှ မျှော်လင့် လျက်ရှိပါသည်။
နယ်စပ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုများသည် အိန္ဒိယနိုင်ငံအား ဟန်ချက်ညီအောင် ထိန်းထားနိုင်ခြင်းမရှိကြောင်းနှင့် တရုတ်နိုင်ငံအား စိန်ခေါ်နိုင်ခြင်းမရှိကြောင်း ကမ္ဘာကြီးကို ပြသလျက်ရှိပါသည်။
အိန္ဒိယနိုင်ငံသည် ပိုမိုနက်ရှိုင်းသော ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန် အတွက် စစ်အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ပြီး သံတမန်ရေး သို့မဟုတ် စစ်ရေး ဆောင်ရွက်မှုများမှတဆင့် မူလရှိရင်းစွဲအခြေအနေများကို ပြန်လည်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံအား တွန်းအားပေးရန် မျှော်လင့်လျက်ရှိပါသည်။
ထိုစဉ်အတောအတွင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi မှ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ နယ်မြေများကို ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း အခိုင်အမာပြောကြားခဲ့ ပါသည်။
အိန္ဒိယနိုင်ငံသည် စီးပွားရေးအရ လက်တုံ့ပြန်မှုအဖြစ် အချက်အလက်များ လုံခြုံရေးအတွက် တရုတ် application ၅၉ ခုကို တားမြစ်ခဲ့ပါသည်။ မကြာမီတွင် အိန္ဒိယဈေးကွက်အတွင်းရှိ တရုတ်ကုမ္ပဏီများကိုလည်း တားမြစ်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။
သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် ဆေးဝါးများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ နှင့် microchip များအပါအဝင် တရုတ်သွင်းကုန်များအပေါ် မှီခိုနေရသည့်အတွက် အလွန်အမင်း ကန့်သတ်မှုများပြုလုပ်ခြင်းသည် အိန္ဒိယနိုင်ငံအတွက် ခက်ခဲကျပ်တည်း မှုများ ဖြစ်စေနိုင်ပါသည်။
source-Channel News Asia #Myanmar_Online_News
>>Zawgyi<<
အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ သဘောအတိုင်း လိုက်ပါဆောင်ရွက်မလား
Thursday, July 16, 2020
လွန်ခဲ့သောလက အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးခဲ့သည့် Ladakh ဒေသရှိ Galwan တောင်ကြား၌ တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယ-တရုတ်နှစ်နိုင်ငံသည် ၎င်းတို့ အငြင်းပွားနေသည့် Himalayan နယ်စပ်တွင် ကာလကြာရှည် ဆက်လက်တည်ရှိနေ ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုတွင် တရုတ်စစ်သည်များ၏ ထိခိုက်သေဆုံးမှု အရေ အတွက်ကို မသိရှိရပါ။
အရေးကြီးသည်မှာ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် အာရှ ပထဝီနိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်သော ပြောင်းလဲမှုကို မီးမောင်းထိုးပြသခြင်း ဖြစ်နိုင်ပါသည်။
အဆိုပါ ပြောကြားမှုသည် အပေါ်ယံအားဖြင့်ကြည့်လျှင် ချဲ့ကားပြောသည်ဟု ထင်ရပြီး နောက်ဆုံးတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံသည် တစ်ဦးနှင့်တစ်ဦး လက်သီး လက်မောင်းတန်း၍ နေထိုင်လျက်ရှိပါသည်။
အိန္ဒိယ-တရုတ်နှစ်နိုင်ငံသည် ၃၅၀၀ ကီလိုမီတာ ရှည်လျားသော အငြင်းပွားနေ သည့် နယ်စပ်တွင် ခိုင်မြဲသောကျေအေးမှုမရရှိသေးသော်လည်း ၄၅ နှစ်အတွင်း အမှန် တကယ်ထိန်းချုပ်ရေးမျဉ်း (LAC) ကို ဖြတ်၍ ပစ်ခတ်မှုမပြုလုပ်ခဲ့ပါ။ ထိုစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ၁၉၉၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂.၅ ဘီလီယံ အထိ မြင့်တက်လာခဲ့ပါသည်။
နှစ်နိုင်ငံတင်းမာမှုများသည် ကာလကြာရှည်သဘောထားကွဲလွဲမှုများကို ပုံရိပ်ထင် စေပြီး ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများကို ဖြစ်ပေါ်စေပါသည်။ တရုတ်နိုင်ငံမှ ပါကစ္စတန်နိုင်ငံနှင့် မဟာမိတ်ပြုခြင်း၊ ၁၉၅၉ ခုနှစ်တွင် တိဘက်ဒေသမှ Dalai Lama ထွက်ပြေးလာချိန်တွင် အိန္ဒိယနိုင်ငံမှ လက်ခံခြင်းနှင့် ခိုလှုံခွင့်ပေးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် “One China” မူဝါဒကို ထောက်ခံခဲ့ပြီး ၎င်း၏ မြောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအား ထိန်းချုပ်မည့် အမေရိကန်ဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ရှောင်ရှားခဲ့ပါသည်။
သို့သော် နောက်ပိုင်း မူဝါဒသည် တရုတ်လက်ထဲတွင်ရှိနေပြီး ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) သည် စစ်ရေးအရကျူးကျော်ဝင်ရောက်မှုများအား ထပ်တလဲလဲပြုလုပ်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ကျူးကျော်ဝင်ရောက်မှုတစ်ခုချင်းစီသည် အသေးအဖွဲမျှသာ ဖြစ်ပြီး တရုတ်နိုင်ငံသည် အမှန်တကယ်ထိန်းချုပ်ရေးမျဉ်း (LAC) တစ်လျှောက်တွင် စတုရန်းကီလိုမီတာ အနည်းငယ်ရယူခဲ့ပြီး ၎င်း၏ တပ်ဖြန့်ခွဲမှုကို အခိုင်အမာ တည်ဆောက်ခဲ့ပါသည်။
ရလဒ်အနေဖြင့် သေးငယ်သည့် ပဋိပက္ခတစ်ခုချင်းစီသည် အမှန်တကယ် ထိန်းချုပ်ရေးမျဉ်း (LAC) တွင် ဆန်းသစ်မှုတစ်ခုအဖြစ် သယ်ဆောင်လာခဲ့ပါသည်။
အနာဂတ်သားစဉ်မြေးဆက်များမှ နယ်စပ်ဒေသအငြင်းပွားမှုများ ဖြေရှင်းသည့် အချိန်တွင် နယ်စပ်ဒေသရှိ စီးပွားရေးနှင့် စစ်ရေးအင်အား ဟန်ချက်ညီမှုသည် တရုတ် နိုင်ငံအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဟု တရုတ်ခေါင်းဆောင်များမှ မျှော်လင့် လျက်ရှိပါသည်။
နယ်စပ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုများသည် အိန္ဒိယနိုင်ငံအား ဟန်ချက်ညီအောင် ထိန်းထားနိုင်ခြင်းမရှိကြောင်းနှင့် တရုတ်နိုင်ငံအား စိန်ခေါ်နိုင်ခြင်းမရှိကြောင်း ကမ္ဘာကြီးကို ပြသလျက်ရှိပါသည်။
အိန္ဒိယနိုင်ငံသည် ပိုမိုနက်ရှိုင်းသော ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန် အတွက် စစ်အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ပြီး သံတမန်ရေး သို့မဟုတ် စစ်ရေး ဆောင်ရွက်မှုများမှတဆင့် မူလရှိရင်းစွဲအခြေအနေများကို ပြန်လည်ထိန်းသိမ်းရန် အတွက် တရုတ်နိုင်ငံအား တွန်းအားပေးရန် မျှော်လင့်လျက်ရှိပါသည်။
ထိုစဉ်အတောအတွင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi မှ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ နယ်မြေများကို ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း အခိုင်အမာပြောကြားခဲ့ ပါသည်။
အိန္ဒိယနိုင်ငံသည် စီးပွားရေးအရ လက်တုံ့ပြန်မှုအဖြစ် အချက်အလက်များ လုံခြုံရေးအတွက် တရုတ် application ၅၉ ခုကို တားမြစ်ခဲ့ပါသည်။ မကြာမီတွင် အိန္ဒိယဈေးကွက်အတွင်းရှိ တရုတ်ကုမ္ပဏီများကိုလည်း တားမြစ်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။
သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် ဆေးဝါးများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ နှင့် microchip များအပါအဝင် တရုတ်သွင်းကုန်များအပေါ် မှီခိုနေရသည့်အတွက် အလွန်အမင်း ကန့်သတ်မှုများပြုလုပ်ခြင်းသည် အိန္ဒိယနိုင်ငံအတွက် ခက်ခဲကျပ်တည်း မှုများ ဖြစ်စေနိုင်ပါသည်။
source-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment