Saturday, July 25, 2020

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက 'ဝ'အဖွဲ့၏ အခြေခံဥပဒေသည် တရားမဝင်ကြောင်း ပြောကြား

'ဝ'အဖွဲ့(UWSP/UWSA)က ဆောင်ရွက်နေသည့် အခြေခံဥပဒေသည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမဝင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့(ဇူလိုင် ၂၅) နေပြည်တော်တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
'ဝ'အဖွဲ့က လုပ်ဆောင်နေသည့် 'ဝ'ပြည်နယ်အခြေခံဥပဒေ စမ်းသပ်ချက်ဟူသော ကိစ္စအပေါ် တပ်မတော်၏ သဘောထားကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အနှစ်ချုပ်ပြောလိုတာကတော့ ဒီဟာသည် လက်ရှိ ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးမူအရသော်လည်းကောင်း တရားမဝင်ပါဘူးလို့ပဲ ကျွန်တော်ပြောကြားလိုပါတယ်"ဟု ပြောကြားခဲ့သည်။
'ဝ'ပြည်နယ် အခြေခံဥပဒေ စမ်းသပ်ချက်ဟူသော စာအုပ်၏ အဖုံးကို ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲတွင် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း(ပန်းခမ်း) စသည့် မြို့နယ် ၆ ခုပါဝင်ပြီး ခရိုင်နှစ်ခုဖြင့် ဖွဲ့စည်းထားသည်။
crd-News Watch #Myanmar_Online_News
>>Zawgyi<<
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက 'ဝ'အဖွဲ့၏ အခြေခံဥပဒေသည် တရားမဝင်ကြောင်း ပြောကြား
Saturday, July 25, 2020
'ဝ'အဖွဲ့(UWSP/UWSA)က ဆောင်ရွက်နေသည့် အခြေခံဥပဒေသည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမဝင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့(ဇူလိုင် ၂၅) နေပြည်တော်တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
'ဝ'အဖွဲ့က လုပ်ဆောင်နေသည့် 'ဝ'ပြည်နယ်အခြေခံဥပဒေ စမ်းသပ်ချက်ဟူသော ကိစ္စအပေါ် တပ်မတော်၏ သဘောထားကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အနှစ်ချုပ်ပြောလိုတာကတော့ ဒီဟာသည် လက်ရှိ ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးမူအရသော်လည်းကောင်း တရားမဝင်ပါဘူးလို့ပဲ ကျွန်တော်ပြောကြားလိုပါတယ်"ဟု ပြောကြားခဲ့သည်။
'ဝ'ပြည်နယ် အခြေခံဥပဒေ စမ်းသပ်ချက်ဟူသော စာအုပ်၏ အဖုံးကို ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲတွင် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း(ပန်းခမ်း) စသည့် မြို့နယ် ၆ ခုပါဝင်ပြီး ခရိုင်နှစ်ခုဖြင့် ဖွဲ့စည်းထားသည်။
crd-News Watch #Myanmar_Online_News

0 comments:

Post a Comment