Thursday, July 16, 2020

ကသာမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အိမ်ထောင်စု ၂၅၇ စု ရေဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရပြီး ကယ်ဆယ်ရေးစခန်းမျာ ကူညီထောက်ပံ့ပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အိမ်ထောင်စု ၂၅၇ စုမှာ ရေဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
လက်ရှိ ကသာမြို့ မြစ်ကမ်းဘေးကျေးရွာများနှင့် အနိမ့်ပိုင်းနေရာများသို့ မြစ်ရေများ ဝင်ရောက်နေသောကြောင့် ဘေးအန္တရာယ်ကင်းစင်ရေးအတွက် ကူညီကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်း ကသာမြို့နယ် ပိန္ဒဲကုန်းရပ်ကွက်၊ မြေနုကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ အထက်သဖန်းထောင့်၊ အောက်သဖန်းထောင့်ကျေးရွာ၊ မိုးတားလေးအုပ်စု အလယ်ရပ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင် အိမ်ထောင်စုများကို ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာ ရေက ဆက်တက်ဖို့ မရှိသေးဘူး။ မနက်ဖြန်လောက်ဆို ပြန်ကျဖို့ရှိပါတယ်။ ကသာမြို့ရှိ ဧရာဝတီမြစ်ရေက လောလောဆယ်တော့ ရေတက်ဖို့ မရှိသေးပါဘူး။”ဟု ကသာခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ထက်အောင်က ပြောသည်။
ကသာမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာသတ်မှတ်ထားပြီး ဇူလိုင် ၁၆ ရက် နံနက် ၆ နာရီခွဲ နှင့် ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်မှာ ၁၀၂၃ စင်တီမီတာရှိနေပြီး နောက်ရက်တွင် မြစ်ရေပြန်လည် ကျဆင်းနိုင်ကြောင်း ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားကြောင်း သိရသည်။
crd-Myitmakha News Agency #Myanmar_Online_News
>>Zawgyi<<
ကသာမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အိမ်ထောင်စု ၂၅၇ စု ရေဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရပြီး ကယ်ဆယ်ရေးစခန်းမျာ ကူညီထောက်ပံ့ပေးနေ
Thursday, July 16, 2020
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အိမ်ထောင်စု ၂၅၇ စုမှာ ရေဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
လက်ရှိ ကသာမြို့ မြစ်ကမ်းဘေးကျေးရွာများနှင့် အနိမ့်ပိုင်း နေရာများသို့ မြစ်ရေများ ဝင်ရောက်နေသော ကြောင့် ဘေးအန္တရာယ်ကင်းစင်ရေးအတွက် ကူညီကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်း ကသာမြို့နယ် ပိန္ဒဲကုန်းရပ်ကွက်၊ မြေနုကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ အထက်သဖန်းထောင့်၊ အောက်သဖန်းထောင့်ကျေးရွာ၊ မိုးတားလေးအုပ်စု အလယ်ရပ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင် အိမ်ထောင်စုများကို ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာ ရေက ဆက်တက်ဖို့ မရှိသေးဘူး။ မနက်ဖြန်လောက်ဆို ပြန်ကျဖို့ရှိပါတယ်။ ကသာမြို့ရှိ ဧရာဝတီမြစ်ရေက လောလောဆယ်တော့ ရေတက်ဖို့ မရှိသေးပါဘူး။”ဟု ကသာခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဟန်ထက်အောင်က ပြောသည်။
ကသာမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာသတ်မှတ်ထားပြီး ဇူလိုင် ၁၆ ရက် နံနက် ၆ နာရီခွဲ နှင့် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်မှာ ၁၀၂၃ စင်တီမီတာရှိနေပြီး နောက်ရက်တွင် မြစ်ရေပြန်လည် ကျဆင်းနိုင်ကြောင်း ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားကြောင်း သိရသည်။
crd-Myitmakha News Agency #Myanmar_Online_News

0 comments:

Post a Comment