Monday, July 6, 2020

ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၄၀ နီးပါးသေဆုံး၊ နှစ်သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်း

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၀ ဦးနီးပါးသေဆုံးသွားပြီး ဒီကနေ့ဇူလိုင် ၆ ရက်မနက်ပိုင်းမှာ မြစ်ရေကြီးမြင့်လာခြင်းနဲ့အတူ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ညွှန်ကြားချက်အသစ်တွေလည်း ထုတ်ပြန်ခဲ့ရပါတယ်။
ရေကြီးပြီး မြေပြိုမှုတွေကြောင့် လက်ရှိအချိန်ထိ ၂၁ ဦးသေဆုံးခဲ့ပြီး အခြား ၁၈ ဦးမှာလည်း သေဆုံးသွားဖွယ်ရှိကာ ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒါဆူဂါက ပြောပါတယ်။
ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဆူဂါကပြောဆိုခဲ့ပြီး ကယ် ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဂျပန်တပ်ဖွဲ့ဝင် လေးသောင်းစေလွှတ်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးရေးအတွက် ကယ်ဆယ်ရေးဌာနတွေမှာ ပိုးသတ် ဆေးဖြန်းတာတွေလုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူတွေအနေနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို လိုက် နာကြဖို့တိုက်တွန်းထားတယ်လို့ သူကပြောပါတယ်။ လက်ရှိအချိန်ထိ ရေဘေးကြောင့် လူနှစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ကြဖို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment