Thursday, July 16, 2020

ရေတပ်သား ၅၅ ဦးလိုက်ပါသည့် အင်ဒိုနီးရှား ရေတပ်စစ်သင်္ဘောတစ်စီး နစ်မြုပ်

အင်ဒိုနီးရှားရေတပ် စစ်သင်္ဘောတစ်စီးဖြစ်တဲ့ KRI Teluk Jakarta – 541 ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းအချိန်မှာ အုပ်ချုပ်ထောက်ပံ့မှုတာဝန်နဲ့ ပင်လယ်ပြင်ထွက်လာရင်း အရှေ့ဂျာဗားပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
နစ်မြုပ်တဲ့အချိန်မှာ ပင်လယ်ပြင်လှိုင်းလေ ရာသီဥတုအခြေအနေ ဆိုးရွားလျက်ရှိပြီး လှိုင်းအမြင့်က ၂.၅ မီတာကနေ ၄ မီတာထိရှိတယ်လို့ သိရပါတယ်။ အဲ့တာနဲ့ သင်္ဘောကို ဘယ်လိုမှ ထိန်းလို့မရတော့ဘဲ ရေဝင်မှုတွေ တဖြည်းဖြည်းဖြစ်လာပြီး ရေအနက် ၉၀ မီတာမှာ နစ်မြုပ်သွားခဲ့ပါတယ်။
ရေတပ်သား ၅၅ ဦးကို အနီးဝန်ကျင်က အရပ်ဘက်ရေယာဉ်တွေဖြစ်တဲ့ KM Tanto Sejahtera နဲ့ KM Dobonsolo တို့က ကယ်ဆယ်ခဲ့ပြီး သေဆုံးသူမရှိဘူးလို့ သိရပါတယ်။ အဲ့ဒီနောက် အင်ဒိုနီးရှားရေတပ် ဆူရာဘာယာရေတပ်စခန်းက KRI RE Martadinata ဆီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
စစ်သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်ပြီး အခုဖြစ်စဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်က လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အင်ဒိုနီးရှားရေတပ် ဒုံးပျံတင်ထားတဲ့ အမြန်သွားစစ်သင်္ဘော KRI Rencong-622 ဟာ အင်ဒိုနီးရှားရေပြင်၊ အနောက်ပါပူအာကမ်းရိုးတန်းဒေသမှာ ပင်လယ်ပြင်တိုက်ကင်းလှည့်တာဝန် ထမ်းဆောင်နေစဉ်အတွင်း Sorong ဆိပ်ကမ်းကနေ မိုင် ၂၀ လောက်ရှိတဲ့နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နစ်မြုပ်ခဲ့ခြင်းဖြစ်ပါတယ်။
crd-ပင်လယ်ရေကြောင်းမဟာဗျူဟာနှင့် ရေကြောင်းစစ်အယူအဆများ #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment