Friday, July 17, 2020

ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ တောင်ကြီးမြို့၌ ကျင်းပ

၂ဝ၂ဝပြည့်နှစ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် (ကြီး၊ ငယ်၊ လတ်၊ မူလတန်း) စာမေးပွဲကို တောင်ကြီးမြို့ပေါ်ရှိ စာဖြေဌာန(၂)ခုဖြစ်သည့် မြို့လယ်ဓမ္မာရုံနဲ့ သာသနာလင်္ကာရ ကမ္ဘောဇသာသနာ့ဗိမာန်တော်မှာ ဖွင့်လှစ်ထားပြီး၊ ရဟန်း၊ သာမဏေများနဲ့ သီလရှင်များ စုစုပေါင်း အပါး(၁၀၀၀)ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရပါသည်။
ဓမ္မာစရိယ စာမေးပွဲကို ဇူလိုင်လ(၁ဝ)ရက်နေ့မှ ဇူလိုင်လ(၁၇)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး၊ ပါဠိပထမပြန် စာမေးပွဲကို ဇူလိုင်လ(၁၅)ရက်နေ့မှ (၂၂)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်သည်။
>>Zawgyi<<

0 comments:

Post a Comment