Sunday, July 19, 2020

ဂျော်ဒန်နိုင်ငံတွင် မြန်မာနိုင်ငံသားများ(၁၄၀)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်


ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ဂျော်ဒန်နိုင်ငံရှိ Rich Pine၊ Century Miracle နှင့် Camel and Vega စသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမား(၁၄၀)ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ဖြင့် ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ပြေးဆွဲလျက် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၁၉-၇-၂၀၂၀ ရက်နေ့၊ နံနက် (၀၄:၄၅) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍လည်း ဂျော်ဒန်နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ စတုတ္ထအပတ်အတွင်း ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။


>>Zawgyi<<
ဂျော်ဒန်နိုင်ငံတွင် မြန်မာနိုင်ငံသားများ(၁၄၀)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်
Sunday, July 19, 2020
ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ဂျော်ဒန်နိုင်ငံရှိ Rich Pine၊ Century Miracle နှင့် Camel and Vega စသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမား(၁၄၀)ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ဖြင့် ပထမ အကြိမ် ကယ်ဆယ်ရေး လေယာဉ်ပြေးဆွဲလျက် ပြန်လည်ခေါ်ဆောင်နိုင်ရေး အတွက် မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၁၉-၇-၂၀၂၀ ရက်နေ့၊ နံနက် (၀၄:၄၅) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍လည်း ဂျော်ဒန်နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ စတုတ္ထအပတ်အတွင်း ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

0 comments:

Post a Comment