Tuesday, July 21, 2020

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စစ်ကိုင်း - မန္တလေး ကမ်းနားလမ်း ကျိုးပေါက်မှုအား ဒုသမ္မတနှင့် ပြည်ထဲရေးဝန်ကြီးတို့ သွားရောက်ကြည့်ရှု

ဇူလိုင်လ ၂၁ ရက်နေ့၊ ၀၉:၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရ မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်း၊ ဒေါ်အေးကြင်ထမင်းဆိုင်အနီး ရေဆိုးထုတ်မြောင်း ကျိုး ပေါက်၍ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေသောနေရာတွင် မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၄၀) ဦးပါဝင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုနှင့် ကူညီရွေ့ပြောင်းဆောင်ရွက်နေမှုများအား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ပါဝင်သောအဖွဲ့သည် ရေကြီးမှုဖြစ်စဉ်အား လာရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

0 comments:

Post a Comment