Tuesday, July 21, 2020

ဗြိတိန်နိုင်ငံမှ ဟောင်ကောင်အပေါ်အရေးယူပိတ်ဆို့မှုများချမှတ်ခြင်းနှင့်ပတ်သက်၍ တရုတ်မှ ပြင်းပြင်းထန် ထန်ကန့်ကွက်ကြောင်း ပြောကြား

ဗြိတိန်နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟောင်ကောင်၏ အမျိုးသားလုံခြုံရေး ဉပဒေနှင့်ပတ်သက်သည့် မှားယွင်းနေသောမှတ်ချက်ပြုခြင်းများနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင်ဝင်ရောက်စွက်ဖက်ခြင်းတို့အပေါ် တရုတ်နိုင်ငံမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံး၏ပြောခွင့်ရတစ်ဦးမှ ဇူလိုင်လ ၂၁ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။
ဟောင်ကောင်နှင့်သဘောတူထားသော တရာခံလွဲပြောင်းပေးရေးသဘောတူ စာချုပ်ကို အကန့်အသတ်မရှိရပ်ဆိုင်းထားရန်နှင့် လက်နက်ရောင်းချမှုပိတ်ဆို့မှု အောက်တွင်ထားရှိရန် ဗြိတိန်နိုင်ငံမှဆုံးဖြတ်ချက်များထုတ်ပြန်အပြီးတွင် တရုတ်နိုင်ငံ မှ ထိုကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်ပါသည်။
ထုတ်ပြန်ကြေညာချက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ပုံစံအမျိုးမျိုးဖြင့် ဟောင်ကောင် ၏ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နေခြင်းကို ချက်ချင်းရပ်တန့်ရန်တိုက်တွန်း လိုကြောင်းနှင့် ဗြိတိန်နိုင်ငံအနေဖြင့် လမ်း ကြောင်းအမှားအတိုင်းဆက်လျှောက် နေမည်ဆိုပါက ဖြစ်ပေါ်လာသောနောက်ဆက်တွဲအကျိုးဆက်များကိုခံစားရမည်ဖြစ် ကြောင်း တရုတ်နိုင်ငံမှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment