Wednesday, July 15, 2020

အီဂျစ်နိုင်ငံ ကိုင်ရို မြို့ အနီးရေနံပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားရာ လူအများ အပြား မီးလောင်ဒဏ်ရာရရှိ

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို မြို့အနီးရှိ ရေနံပိုက်လိုင်းတစ်ခုသည် ဇူလိုင် ၁၄ ရက် တွင် ယိုစိမ့်မှု ဖြစ်ပွားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အီဂျစ် နိုင်ငံ ရေနံ နှင့် သတ္တုတွင်းထွက် အရင်းအမြစ် ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ အခင်း ဖြစ်ပွားခဲ့သည့် ရေနံပိုက်လိုင်းသည် ကိုင်ရို မြို့ပြင် ရှိ အဝေးပြေး လမ်းမတွင် တည်ရှိပြီး ဖြတ်သန်းသွားလာ နေသာ မော်တော်ယာဉ် များ ကြောင့် ယိုစိမ့်နေသည့် ရေနံပိုက်လိုင်းမှတဆင့် မီးလောင်မှု ဖြစ်ပွား ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ က ရေနံပိုက်လိုင်း အား ပိတ်ဆို့ ခဲ့ကြပြီး လက်ရှိချိန်တွင် မီးလောင်မှု အား ထိန်းချုပ်နိုင်ခဲ့ကြောင်း ၊ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများ ကိုနီးစပ်ရာ ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဒေသတွင်း မီဒီယာများ ၏ ဖော်ပြချက်အရ အခင်းဖြစ်ပွားရာ နေရာ တွင် ပြင်းထန်စွာ မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး ကားများစွာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း နှင့် မီးလောင်မှုကြောင့် ယာဉ်လမ်းပိတ်ဆို့မှု ဖြစ်ပွါးခဲ့ကြောင်း သိရှိရသည်။
Ref ; Xinhua

0 comments:

Post a Comment