Friday, July 24, 2020

ပြည်မြို့တွင် ဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်သယ်ယူပို့ဆောင်သူနှင့် ဘင်္ဂါလီလူမျိုးများ ယမန်နေ့က ဖမ်းဆီးရမိကြောင်းသိရသည်။
ပြည်မြို.ခေတ္တရာ မြို.သစ်ရပ်ကွက်၊ဘုရင့်နောင်လမ်းနှင့် (၁၁)လမ်းထောင့်ရှိ“ရွှေသီဟ” အမည်ရှိ မိုတယ်၌ ဘင်္ဂါလီလူမျိုး(၃)ဦး ရောက်ရှိတည်းခိုနေကြောင်း သတင်းအရ သတင်းရဲတပ်ဖွဲ့တပ်ဖွဲ့စုရုံး(ပြည်)မှ ရဲမှူး ခင်မောင်လှပါတပ်ဖွဲ့၀င်များ အမှတ်(၂)စစ်ဘက်ရေးလုံခြုံရေးတပ်ခွဲ(ပြည်)မှ ဗိုလ်ကြီးကျော်စွာနှင့် တပ်ဖွဲ့၀င်များ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၀င်းနှင့် တပ်ဖွဲ့၀င်များ မြို.နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာပြည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဇော်ဇော်ဦးနှင့်၀န်ထမ်းများ ပါ၀င်သည့်ပူးပေါင်းအဖွဲ့တို့မှသွားရောက်ရှာဖွေခဲ့​ရာ သယ်ယူပိုဆောင်သူသိန်း၀င်း(ခ)ဇိုးလုံး အေးရိပ်မွန်(၂)လမ်း(၃)ရပ်ကွက် လှိုင်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူမှ 9H/-------- MITSUBISHI WAGON(အဖြူရောင်)မော်တော်ယာဉ်နှင့် အတူ တွေ့ရှိခဲ့ကြောင်းသိရသည်။
ထို့နောက် သယ်ယူပို့ဆောင်သူ သိန်း၀င်း(ခ)ဇိုးလုံး အားစစ်ဆေးမေးမြန်းခဲ့ရာ အာမေရော်တီ(ခ)မောင်ပါ အမ်ဘာရီကျေးရွာ/အုပ်စု ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ် နာဇိန်ဘူဆောန် အလယ်ကျွှန်း ကျေးရွာ/အုပ်စု ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်အဒူမာမွတ်ကေတောကျေးရွာ အလယ်ကျွှန်းအုပ်စု ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်နေသူတို့အားဖမ်ဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သိန်း၀င်း(ခ)ဇိုးလုံး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်ကျွန်းမြို့နယ် သင်္ဃန်ကျွန်း စျေးအနီး ရွှေကံ့ ကော်လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် BB/------ Probox (အဖြူရောင်) မော်တော်ယာဉ်ဖြင့် ဘင်္ဂါလီလူမျိုး(၃)ဦးရောက်ရှိလာပြီး တစ်ဦးလျှင်(၁)သိန်း စုစုပေါင်း(၃)သိန်းဖြင့် ရခိုင်ပြည်ဘက်သို့ 9H/---------- MITSUBISHI WAGON (အဖြူရောင်)ယာဉ်ဖြင့်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိန်း၀င်း(ခ)ဇိုးလုံးမှစည်းရုံး
ပြောဆိုပြီး ပြည်မြို့ဘက်သို့ခေါ်ဆောင်လာ၍ “ရွှေသီဟ”မိုတယ်၌တည်းခိုစေပြီး၄င်းမှ ပြည်မြို့ ရွာဘဲရပ် ကွက် “မြဒေါင်း”တည်းခိုခန်းတွင်တည်းခိုပြီးနောက် ဖမ်းမိသည့်နေ့၌၄င်းဘင်္ဂါလီ(၃)ဦးအားပန်းတောင်းမြို့ဘက်သို့ပိုဆောင်ရန်လာရောက်ခေါ်ဆောင်နေစဉ် ဖမ်းဆီးခံရကြောင်းပြောပြ အစစ်ဆေးခံခဲ့ကြောင်းသိရှိရသည်။
ထို့ကြောင့် ပြည်မြို့နယ် လ၀က လ/ထ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦးမှ ၄င်းဘင်္ဂါလီ (၃) ဦးအားတစ်ဦးလျှင် (၁)သိန်းကျပ်ဖြင့် စုစုပေါင်းငွေ(၃)သိန်းကျပ်ဖြင့် သွေးဆောင်ခေါ်ဆောင်လာသူသိန်း၀င်း(ခ)ဇိုးလုံး အား ရာဇ သတ်ကြီး ပုဒ်မ-၃၆၇ဖြင့်တရားစွဲဆိုရန် တိုင်စာဖြင့်တိုင်းတန်းသဖြင့် ပြည်မြို့မရဲစခန်း(ပြည်)(ပ) ၄၂၅/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-၃၆၇ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးအမှုအား ဒုရဲအုပ် နေမျိုးဇော် မှလက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
Source - ပြည်သတင်း

0 comments:

Post a Comment