Monday, July 13, 2020

ဂျပန်ယန်း၁ ဘီလီယံကျော် အသုံးပြုပြီး ရန်ကုန်မြစ်အတွင်း ရေကြောင်းအချက်ပြဆိုင်ရာများ အဆင့်မြှင့်မည်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် တို့ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မြစ်အတွင်း ရေကြောင်းလမ်းညွှန် အထောက်အကူပြု အချက်ပြကိရိယာများ အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်ယန်း ၁ ဒဿမ ၃၉၉ ဘီလီယံ အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကာလမှာ နှစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် မီးပြတိုက်များနှင့် ရေကြောင်းပြ ဗော်ယာများ အဆင့်မြှင့်တင်ခြင်း အပြင် မိုးလေဝသ သမုဒ္ဒရာဆိုင်ရာ လေ့လာရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းများ ပါဝင်ပြီး သက်ဆိုင်ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အရာရှိများ၊ ဝန်ထမ်းများအတွက်လည်း ရန်ကုန်ဧရိယာ အပါအဝင် ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့် ရေကြောင်း နည်းပညာဆိုင်ရာ သင်တန်းများကို ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း JICA မှ သိရသည်။
ယင်းစီမံကိန်းဖြင့် ရန်ကုန်မြစ်ဝမှ ရန်ကုန်ဆိပ်ကမ်းအထိ ရေလမ်းကြောင်းသည် ကျဉ်းမြောင်းပြီး ရေအားပြင်းထန်သည့်အပြင် ရေလမ်းကြောင်း အချက်ပြကိရိယာများ မပြည့်စုံခြင်းနှင့် ရေလမ်းကြောင်းထိန်းချုပ်မှုစနစ် မဖွံ့ဖြိုးခြင်း တို့ကြောင့် ရေကြောင်းဖြင့် သွားလာခြင်းသည် အလွန်အန္တရာယ်များပြီး သင်္ဘောချင်းတိုက်ခြင်း၊ သောင်တင်ခြင်းများ မကြာခဏ ဖြစ်ပွားမှုများကို ကာကွယ်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပသို့ ချိတ်ဆက်မည့် ထောက်ပံ့ပို့ဆောင်ရေး အတွက် အကျိုးဖြစ်ထွန်းစေရန် ပံ့ပိုးကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း ရေကြောင်းသွားလာမှု အဆင်ပြေချောမွေ့စေရန် ရေကြောင်းအချက်ပြ ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်က အကူအညီပေးရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားသည်။
crd-TheFifthWave #Myanmar_Online_News
>>Zawgyi<<
ဂျပန်ယန်း၁ ဘီလီယံကျော် အသုံးပြုပြီး ရန်ကုန်မြစ်အတွင်း ရေကြောင်းအချက်ပြဆိုင်ရာများ အဆင့်မြှင့်မည်
Monday, July 13, 2020
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA)နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် တို့ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မြစ်အတွင်း ရေကြောင်းလမ်းညွှန် အထောက်အကူပြု အချက်ပြကိရိယာများ အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်ယန်း ၁ ဒဿမ ၃၉၉ ဘီလီယံ အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကာလမှာ နှစ်နှစ်ကြာမြင့်မည် ဖြစ်ပြီး ယင်းစီမံကိန်းတွင် မီးပြတိုက်များနှင့် ရေကြောင်းပြ ဗော်ယာများ အဆင့်မြှင့်တင်ခြင်း အပြင် မိုးလေဝသ သမုဒ္ဒရာဆိုင်ရာ လေ့လာရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းများ ပါဝင်ပြီး သက်ဆိုင်ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အရာရှိများ၊ ဝန်ထမ်းများအတွက်လည်း ရန်ကုန်ဧရိယာ အပါအဝင် ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့် ရေကြောင်း နည်းပညာဆိုင်ရာ သင်တန်းများကို ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း JICA မှ သိရသည်။
ယင်းစီမံကိန်းဖြင့် ရန်ကုန်မြစ်ဝမှ ရန်ကုန်ဆိပ်ကမ်းအထိ ရေလမ်းကြောင်းသည် ကျဉ်းမြောင်းပြီး ရေအားပြင်းထန်သည့်အပြင် ရေလမ်းကြောင်း အချက်ပြကိရိယာများ မပြည့်စုံခြင်းနှင့် ရေလမ်းကြောင်းထိန်းချုပ်မှုစနစ် မဖွံ့ဖြိုးခြင်း တို့ကြောင့် ရေကြောင်းဖြင့် သွားလာခြင်းသည် အလွန်အန္တရာယ်များပြီး သင်္ဘောချင်းတိုက်ခြင်း၊ သောင်တင်ခြင်းများ မကြာခဏ ဖြစ်ပွားမှုများကို ကာကွယ်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပသို့ ချိတ်ဆက်မည့် ထောက်ပံ့ပို့ဆောင်ရေး အတွက် အကျိုးဖြစ်ထွန်းစေရန် ပံ့ပိုးကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း ရေကြောင်းသွားလာမှု အဆင်ပြေချောမွေ့စေရန် ရေကြောင်းအချက်ပြ ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်က အကူအညီပေးရေး သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးထားသည်။
crd-TheFifthWave #Myanmar_Online_News

0 comments:

Post a Comment