Tuesday, July 14, 2020

အာဖဂန်နစ္စတန်ရှိထောက်လှမ်းရေးအဆောက်အအုံတစ်ခုကို တာလီဘန်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ဝန်ထမ်း၁၁ ဦးသေဆုံးခဲ့

တာလီဘန်သောင်းကျန်းသူများသည် အာဖဂန်နစ္စတန်တောင်ပိုင်းရှိ ထောက်လှမ်းရေးအဆောက်အအုံအား အသေခံဗုံးခွဲခြင်းဖြင့် တိုက်ခိုက်မှုတစ်ခုစတင်ခဲ့ပြီး အနည်းဆုံးထောက်လှမ်းရေးအေဂျင်စီမှ ဝန်ထမ်း ၁၁ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့ပါသည်။
အဆိုပါတိုက်ခိုက်မှုသည် အဓိကထောက်လှမ်းရေးအေဂျင်စီဖြစ်သော အမျိုးသား လုံခြုံရေးဆိုင်ရာညွှန်ကြားရေးမှုရုံးနှင့် နီးကပ်စွာရှိနေသော Samangan ခရိုင်၏ Aybak မြို့ရှိ အစိုးရအဆောက်အအုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့များနှင့် သေနတ်သမား ၄ ဦးသေဆုံးပြီးနောက် တွင် ၎င်းမှာ ကားဗုံးဖြင့်စတင်ခဲ့သည့် ရှုပ်ထွေးသောတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း Azizi မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။ထုတ်ပြန် ကြေညာချက်တစ်ခုတွင် ၁၈ နှစ်ကျော်ဖြစ်ပွားခဲ့သောစစ်ပွဲကို အဆုံး သတ်ရန်အတွက် အစိုးရနှင့် စစ်သွေးကြွတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဖော်ဆောင်ရန်ကြိုးစာနေသည့်အချိန်မှစ၍ အကြမ်းဖက်မှုများတိုးလာသည်နှင့်အမျှ ယခုတိုက်ခိုက်မှုတွင်လည်း တာလီဘန်တို့အပေါ်တွင်တာဝန်ရှိကြောင်း တာဝန်ရှိသူများ မှ အခိုင်အမာပြောကြားခဲ့ပါသည်။
လက်နက်ကိုင်အဖွဲ့များမှလည်း အစိုးရတပ်ဖွဲ့များသည် မော်တာကျည်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး ၎င်းတို့သည် အရပ်သားပြည်သူများ၏ အိမ်များကိုထိမှန်ခဲ့ကြောင်း ပြောဆိုခဲ့ပါသည်။ ထိုကဲ့သို့ပြောဆိုမှုကို ကာကွယ် ရေးဝန်ကြီးဌာနမှပယ်ချခဲ့ပါသည်။
ဒဏ်ရာရ၍ရောက်ရှိလာသည့် အရပ်သားအများစုတွင် ကလေးများဖြစ်ကြောင်း ကို Abdul Khalil Musadiq ခရိုင်ဆေးရုံအုပ်မှ ပြောကြားခဲ့ပါသည်။ တာလီဘန်များသည် နိုင်ငံတစ်ဝှမ်းရှိလုံခြုံရေးတပ်ဖွဲ့ရှိသည့် စစ်ဆေးရေးဂိတ် များစွာကို တိုက်ခိုက်ခဲ့ပြီး Badahshan ခရိုင် အရှေ့မြောက်ဘက်တွင် ဝန်ထမ်း ၇ ဦးသေဆုံးခဲ့ကာ Kunduz ခရိုင်မြောက်ပိုင်းတွင် ၁၄ ဦး သေဆုံးခဲ့ပြီး Parwan တွင် ၄ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့ပါသည်။
တာလီဘန်နှင့် အစိုးရတပ်ဖွဲ့များသည် အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှုများ မြှင့်တက်လာခြင်းနှင့်ပတ်သက်၍ တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်အပြစ်တင်နေကြ ပြီး သမ္မတ Ashraf Ghani မှ တာလီဘန်တို့သည် မည်သည့်ဆွေးနွေးမှုမတိုင်မီတွင် ၎င်းတို့ဖက်တွင် အားသာရန်ဆောင်ရွက်နေသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး တာလီဘန်များလည်း အစိုးရတပ်များသည် ၎င်းတို၏နေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည်။
Source : CGTN
Taliban kill 11 in assault on Afghan intelligence compound

0 comments:

Post a Comment