Tuesday, July 14, 2020

လာမည့် ၂၀၂၀ ရွေးကော်တွင် ANPပါတီမှတာဝန်ပေးအပ်လာပါက ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဦးဇော်အေးမောင် ပြောကြား

လာမည့် ၂၀၂၀ ရွေးကော်တွင် ပါတီက တာဝန်ပေးအပ်ပါက ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး)နေရာတွင် တတိယအကြိမ် အဖြစ် ၂ဝ၂ဝ ရွေးကောက်ပွဲ၌ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။
ဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) ကိုယ်စားပြုကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု ကိုယ်စားလှယ် လောင်းအဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်လုံးတွင် အနိုင်ရရှိခဲ့သည်။
''ပါတီက တာဝန်ပေးလို့ရှိရင် ပြန်ပြီး ဝင်ပြိုင်ပါမယ်။ ကျွန်တော်လည်း ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ထားပါ တယ်''ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက်ကို ဇူလိုင် ၂ဝ ရက်နေ့အဖြစ် သတ်မှတ်ပေးထားပြီး အမည်စာရင်း နောက်ဆုံးတင်သွင်းနိုင်သည့်နေ့ရက်ကို သြဂုတ် ၇ ရက်နေ့အဖြစ် သတ်မှတ်ပေးထားသည်။ လက်ရှိတွင် ANP အနေဖြင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်မှုများကို ဇူလိုင် ၂၅ ရက် နောက်ဆုံးထား၍ ဗဟိုသို့တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

0 comments:

Post a Comment