Wednesday, July 22, 2020

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးစစ်ဘက်ဆက်သွယ်ရေးဂြိုဟ်တုThe ANASIS-II အောင်မြင်စွာလွှတ်တင်

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော စစ်ဘက်သုံး ဆက်သွယ်ရေးဂြိုဟ်တု The ANASIS-II ကို ပုဂ္ဂလိကအော်ပရေတာ SpaceX က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ယမန်နေ့ ပြောကြားလိုက်သည်။
အဆိုပါ စစ်ဘက်သုံး ဆက်သွယ်ရေးဂြိုဟ်တုက နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံ၏ ရန်မှကာကွယ်ရာတွင် တောင်ကိုရီးယားနိုင်ငံ၏ စွမ်းပကားကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ ယင်းဂြိုဟ်တုသယ်ဆောင်သော Falcon 9 ဒုံးပျံကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကိတ်ပ်ကာနီဗီရယ်လ် လေတပ်စခန်းမှ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးအစီအစဉ်ဌာန (DAPA) က ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။
ဂြိုဟ်တုကို ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက လွှတ်တင်ပြီး ၃၂ မိနစ်အကြာတွင် ထိထိရောက်ရောက် အသုံးချခဲ့ ကြောင်း SpaceX က အတည်ပြုခဲ့သည်။ ယခုဂြိုဟ်တု လွှတ်တင်မှုကြောင့် တောင်ကိုရီးယားနိုင်ငံက စစ်ဘက်သုံး ဆက်သွယ်ရေးဂြိုဟ်တု ပိုင်ဆိုင်သည့် ဒသမမြောက်နိုင်ငံ ဖြစ်လာခဲ့ကြောင်း DAPA က ပြောကြားခဲ့သည်။
ဤ ဂြိုဟ်တုက နှစ်ပတ်အတွင်း ကီလိုမီတာ ၃၆၀၀၀ ရှိသော ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိမည်ဟု မျှော်မှန်း ရကြောင်း၊ စမ်းသပ်မှုပြုလုပ်ပြီးလျှင် တောင်ကိုရီးယား တပ်မတော်က အောက်တိုဘာလအတွင်း ဂြိုဟ်တုကို လွှဲယူမည်ဖြစ်ကာ တောင်ကိုးရီးယား တပ်မတော်၏ စစ်ဆင်ရေးဆင်နွှဲမှု စွမ်းပကားများ တိုးတက်လာမည်ဟု မျှော်မှန်းရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
crd-The Mirror Daily #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment