Wednesday, July 22, 2020

အမေရိကန် Alaska ကမ်းလွန်တွင် ပြင်းအား(၇.၈)ပမာဏရှိ ငလျင်လှုပ်ခတ်ပြီးနောက်မှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု ၊ အလက်စကာကမ်းလွန်မှာ အခုလ (၂၂) ရက်နေ့ နံနက်က ပြင်းအား(၇.၈) ပမာဏရှိတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေ နဲ့ ထိခိုက်ဒဏ်ရာရမှုတွေရှိသလားဆိုတာတော့ မသိရသေးပါဘူး။
Perryville မြို့အရှေ့တောင်ဘက် မိုင် (၆၀) အကွာလောက်မှာ ဗဟိုပြုပြီး မြေအောက်အနက် (၆) မိုင် လောက်ကနေ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေး USGS ကပြောပါတယ်။
ငလျင်တွေက ပြင်းအားမြင့်မယ်ဆိုရင် ဆူနာမီလှိုင်းဖြစ်လာဖို့ အလားအလာများတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပြင်းအား (၇.၆) နဲ့ (၇.၈) ပမာဏကြား ရှိတဲ့ငလျင်တွေဟာ အကြီးအကျယ်ဖျက်ဆီးနိုင်တဲ့ ဆူနာမီ ဖြစ်စေနိုင်တယ်လို့ USGS ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<
အမေရိကန် Alaska ကမ်းလွန်တွင် ပြင်းအား(၇.၈)ပမာဏရှိ ငလျင်လှုပ်ခတ်ပြီးနောက်မှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်
Wednesday, July 22, 2020
အမေရိကန်ပြည်ထောင်စု ၊ အလက်စကာကမ်းလွန်မှာ အခုလ (၂၂) ရက်နေ့ နံနက်က ပြင်းအား(၇.၈) ပမာဏ ရှိတဲ့ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေ နဲ့ ထိခိုက်ဒဏ်ရာရမှုတွေရှိသလားဆိုတာတော့ မသိရသေးပါဘူး။
Perryville မြို့အရှေ့တောင်ဘက် မိုင် (၆၀) အကွာလောက်မှာ ဗဟိုပြုပြီး မြေအောက်အနက် (၆) မိုင် လောက်ကနေ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေး USGS ကပြောပါတယ်။
ငလျင်တွေက ပြင်းအားမြင့်မယ်ဆိုရင် ဆူနာမီလှိုင်းဖြစ်လာဖို့ အလားအလာများတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပြင်းအား (၇.၆) နဲ့ (၇.၈) ပမာဏကြား ရှိတဲ့ငလျင်တွေဟာ အကြီးအကျယ်ဖျက်ဆီးနိုင်တဲ့ ဆူနာမီ ဖြစ်စေနိုင်တယ်လို့ USGS ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment