Saturday, July 18, 2020

ရခိုင်လက်နက်ကိုင် AA မှ မတရားဖမ်းဆီးထားသည့် မြိုလူမျိုးငယ် ၁၂ ဦး ယခုချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေး

ရခိုင်လက်နက်ကိုင် AA မှမတရားဖမ်းဆီးထားသည့် မြိုလူမျိုးငယ် ၁၂ ဦး ယခုချိန်ထိ မိသားစုနှင့် အဆက် အသွယ်မရသေးကြောင်း မိသားစုဝင်များမှ မိမိတို့ May Yu Htar Nay သတင်းဌာနသို့ ဆက်သွယ် လာသည်။
ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ်၊ မေလ၊ ၁၈ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် ကျောက်တော် မြို့နယ်ရှိ မာလာကျေး ရွာ(မြို)နှင့် ခပေါ်ရွာ(မြို)မှ မြိုလူမျိုး (၁၂)ဦးမှာ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ ပေးသောကယ်ဆယ်ရေးပစ္စည်းများထုတ်ယူရန် ကျောက်တော်မြို့သို့ သွားရောက်စဉ် ကျောက်တော်မြို့ ကမ်းနားပန်းခြံအနီးတွင် မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။
“ ရခိုင်သတင်းပေ့ချ်တွေက AA ဆိုရင်မပြောရဲလို့ ဒီသတင်းဌာနမှာလာပြောတာပါ။ အခုပါတဲ့ပုံက ရွာကက လေးမအပျိုလေးပါ။ သတ်မယ်လို့တင်နေတာတွေလို့ ကူညီလို့ရရင် ကူညီပေးပါဦးဗျာ၊ မေလ၊ ၁၈ရက်နေ့က AA ကအဖွဲ့တွေက တပ်နဲ့ပေါင်းတယ်ဆိုပြီး သစ္စာဖောက်တွေဆိုပြီး ဖမ်းသွားကြတာ၊ အားလုံ ၁၂ ယောက်ပါသွားတာ အခုထိ တစ်ယောက်မှ အဆက်အသွယ်မရသေးဘူး၊ တကယ်တော့ကလေးတွေက ထောက်ပံ့ပစ္စည်းတွေသွားယူတာ၊ ထွေအုပ်ရုံးကပေးတဲ့နေရာတွေမှာ တပ်ကလုံခြုံရေးလုပ်ပေးထားတယ်၊ သူတို့တွေက ရွာက သူတွေမသွားရဲလို့ သွားယူပေးတာကို တပ်နဲ့ပေါင်းလို့ဆိုပြီးဖမ်းတယ်၊ အခုသတ်မယ်လို့ပြောနေလို့ မိသားစုတွေစိတ်ပူနေကြပြီ နှစ်ဖက်ခေါင်းဆောင်တွေသိအောင် တင်ပေးပါဦးခင်ဗျ” ဟု ဆိုကာ မိမိတို့ သ တင်းဌာန Message Box သို့ ဆက်သွယ်အကြောင်း ကြားလာခဲ့သည်။
မိမိတို့သတင်းဌနဆက်သွယ်မေးမြန်းချက်အရ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ မာလာ ကျေးရွာ(မြို)မှ ကျေးရွာတာဝန်ခံ မြိုအမျိုးသား ( ၇) ဦး၊ အမျိုးသမီး(၄)ဦးတွင် အပျိုဖြစ်သူ တစ်ဦးပါရှိကြောင်း၊ ခပေါ်ရွာ (မြို) ရွာမှ တစ်ဦးပါရှိကြောင်း သိရှိရသည် ။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား မထောက်ခံသည့် သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုသို့ ရက်စက်စွာသတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံကျေးရွာအုပ်စု ခွဆုံရွာသစ်မှာနေတဲ့ မြိုတိုင်းရင်းသား နွားကျောင်းထွက်တဲ့ အသက် ၄၄ နှစ်အရွယ် ရွာသား ဦးဒူလူဟာ ဆိုသူနှင့် ကျန် မြိုလူမျိုး ၆ ဦးအသတ်ခံခဲ့ရသည်။
Ref ; May Yu Htar Nay

0 comments:

Post a Comment