Tuesday, July 7, 2020

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား တရားစွဲဆို

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်ညဦးပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ်ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ၊ သိုင်းချောင်း-သစ်ပုတ်တောင်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအားတွေ့ရှိရ၍ စစ်ဆေးစဉ် ၎င်းတို့ထဲမှ ၃ ဦးမှာ ရုတ်တရက်ထွက်ပြေးသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကွမ်းယာဆိုင်တွင် စုဝေးနေသည့် ကပ်သပြေကျေးရွာနေ မောင်လှမြင့်(ဘ)ဦးသာလှ၊ အသက် ၂၆ နှစ်၊ စံလှမောင်(ဘ)ဦးဝေနုအောင်၊ အသက် ၃၂ နှစ်၊ အောင်တင်ရွှေ(ဘ) ဦးအောင်ခင်ထွန်း၊ အသက် ၂၈ နှစ်၊ လှမောင်သန်း(ဘ) ဦးမောင်လှချေ၊ အသက် ၂၄ နှစ်၊ မောင်ငယ်(ဘ)ဦးထွန်းစံဦး၊ အသက် ၂၉ နှစ်၊ လှနုအောင်(ဘ)ဦးဝေနု၊ အသက် ၃၀ နှစ်၊ စိုးလင်း(ခ)ကွန်ကျားအောင်(ဘ)ဦးထွန်းမောင်၊ အသက် ၃၂ နှစ်၊ ခင်ဝင်းမောင်(ဘ)ဦးလူဖြူ၊ အသက် ၂၁ နှစ်၊ မောင်သန်းလှိုင် (ဘ)ဦးဖြူနုအောင်၊ အသက် ၂၄ နှစ်နှင့် စိုင်ခြုံဒွိန်ကျေးရွာနေ မောင်လှမြင့်(ဘ) ဦးမောင်ကျော်ဖြူ၊ အသက် ၆၀ နှစ်တို့အား လက်ကိုင်ဖုန်း ၇ လုံး၊ အရိုး/အသွားပါ ၁၁ လက်မခွဲခန့်ရှိ ဓားမြှောင် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ကြောထွက်ဆိုချက်များအရ လှမြင့်သည် ကပ်သပြေကျေးရွာနေ ညိုဖြူအောင် (ခ)အောင်အောင်ဆိုသူမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးခဲ့ကြောင်း၊ ညိုဖြူအောင်သည် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွင် ၄၅ ရက်ခန့် သင်တန်းတက်ရောက်ခဲ့ပြီး တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ အေပြီလ မှစ၍ ကပ်သပြေကျေးရွာအတွင်း အိမ်ထောင်စုတစ်စုလျှင် ဆက်ကြေးငွေ ၃၀၀၀ ကျပ် နှင့် ဆန်၊ ဆီစသော ရိက္ခာများအား လစဉ်ကောက်ခံပေးရကြောင်း၊ ကောက်ခံရရှိသော ငွေနှင့်ရိက္ခာများအား စိုးလင်း(ခ)ကွန်ကျားအောင်မှတစ်ဆင့် ညိုဖြူအောင်(ခ)အောင်အောင် ထံပေးပို့ရပြီး ကျောက်ဖြူမြို့နယ်၏နယ်မြေ စည်းရုံးရေးတာဝန်ခံဖြစ်သူ ထွန်းခင်ထံ စာရင်းပြုစုပေးရကြောင်း၊ စိုင်ခြုံကျေးရွာအုပ်စုစာရေး ဦးစိုးမင်းထွန်း အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထွန်းခင်နှင့်ညိုဖြူအောင်တို့အဖွဲ့အား ဆိုင်ကယ်များ ဖြင့် သိုင်းချောင်းမှစိုင်ခြုံသို့ လိုက်လံပို့ဆောင်ပေးရကြောင်း၊ ၎င်း၏ဖုန်းအတွင်း၌ Whats Application တွင် 002Arakan Dream အမည်ဖြင့် Group ဖွဲ့ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လုပ်ရှားမှုများအား သတင်းပေးခြင်းများကို အသံဖိုင်များဖြင့် ပေးပို့မှုများပြုလုပ်ထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ခင်ဝင်းမောင် နှင့် မောင်သန်းလှိုင် တို့မှအပ ကျန် ၈ ဦးအား ညိုဖြူအောင်(ခ)အောင်အောင်မှ စည်းရုံး သိမ်းသွင်းခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် သိုင်းချောင်း ကျေးရွာ၊ မေလတွင် ချောင်းဖျားကျေးရွာနှင့် စိုင်ခြုံကျေးရွာတို့တွင် စည်းရုံးရေး သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းဖော်ထုတ်သိရှိရသည်။
ထို့ကြောင့် စစ်ကြောဖော်ထုတ်ချက်များအရ ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင် မှအပ ကျန် ၈ ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ၎င်းတို့အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<
AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား တရားစွဲဆို
Tuesday, July 7, 2020
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်ညဦးပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ်ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ၊ သိုင်းချောင်း-သစ်ပုတ်တောင်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအားတွေ့ရှိရ၍ စစ်ဆေးစဉ် ၎င်းတို့ထဲမှ ၃ ဦးမှာ ရုတ်တရက်ထွက်ပြေးသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကွမ်းယာဆိုင်တွင် စုဝေးနေသည့် ကပ်သပြေကျေးရွာနေ မောင်လှမြင့်(ဘ)ဦးသာလှ၊ အသက် ၂၆ နှစ်၊ စံလှမောင်(ဘ)ဦးဝေနုအောင်၊ အသက် ၃၂ နှစ်၊ အောင်တင်ရွှေ(ဘ) ဦးအောင်ခင်ထွန်း၊ အသက် ၂၈ နှစ်၊ လှမောင်သန်း(ဘ) ဦးမောင်လှချေ၊ အသက် ၂၄ နှစ်၊ မောင်ငယ်(ဘ)ဦးထွန်းစံဦး၊ အသက် ၂၉ နှစ်၊ လှနုအောင်(ဘ)ဦးဝေနု၊ အသက် ၃၀ နှစ်၊ စိုးလင်း(ခ)ကွန်ကျားအောင်(ဘ)ဦးထွန်းမောင်၊ အသက် ၃၂ နှစ်၊ ခင်ဝင်းမောင်(ဘ)ဦးလူဖြူ၊ အသက် ၂၁ နှစ်၊ မောင်သန်းလှိုင် (ဘ)ဦးဖြူနုအောင်၊ အသက် ၂၄ နှစ်နှင့် စိုင်ခြုံဒွိန်ကျေးရွာနေ မောင်လှမြင့်(ဘ) ဦးမောင်ကျော်ဖြူ၊ အသက် ၆၀ နှစ်တို့အား လက်ကိုင်ဖုန်း ၇ လုံး၊ အရိုး/အသွားပါ ၁၁ လက်မခွဲခန့်ရှိ ဓားမြှောင် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ကြောထွက်ဆိုချက်များအရ လှမြင့်သည် ကပ်သပြေကျေးရွာနေ ညိုဖြူအောင် (ခ)အောင်အောင်ဆိုသူမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးခဲ့ကြောင်း၊ ညိုဖြူအောင်သည် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွင် ၄၅ ရက်ခန့် သင်တန်းတက်ရောက်ခဲ့ပြီး တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ အေပြီလ မှစ၍ ကပ်သပြေကျေးရွာအတွင်း အိမ်ထောင်စုတစ်စုလျှင် ဆက်ကြေးငွေ ၃၀၀၀ ကျပ် နှင့် ဆန်၊ ဆီစသော ရိက္ခာများအား လစဉ်ကောက်ခံပေးရကြောင်း၊ ကောက်ခံရရှိသော ငွေနှင့်ရိက္ခာများအား စိုးလင်း(ခ)ကွန်ကျားအောင်မှတစ်ဆင့် ညိုဖြူအောင်(ခ)အောင်အောင် ထံပေးပို့ရပြီး ကျောက်ဖြူမြို့နယ်၏နယ်မြေ စည်းရုံးရေးတာဝန်ခံဖြစ်သူ ထွန်းခင်ထံ စာရင်းပြုစုပေးရကြောင်း၊ စိုင်ခြုံကျေးရွာအုပ်စုစာရေး ဦးစိုးမင်းထွန်း အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထွန်းခင်နှင့်ညိုဖြူအောင်တို့အဖွဲ့အား ဆိုင်ကယ်များ ဖြင့် သိုင်းချောင်းမှစိုင်ခြုံသို့ လိုက်လံပို့ဆောင်ပေးရကြောင်း၊ ၎င်း၏ဖုန်းအတွင်း၌ Whats Application တွင် 002Arakan Dream အမည်ဖြင့် Group ဖွဲ့ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လုပ်ရှားမှုများအား သတင်းပေးခြင်းများကို အသံဖိုင်များဖြင့် ပေးပို့မှုများပြုလုပ်ထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ခင်ဝင်းမောင် နှင့် မောင်သန်းလှိုင် တို့မှအပ ကျန် ၈ ဦးအား ညိုဖြူအောင်(ခ)အောင်အောင်မှ စည်းရုံး သိမ်းသွင်းခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် သိုင်းချောင်း ကျေးရွာ၊ မေလတွင် ချောင်းဖျားကျေးရွာနှင့် စိုင်ခြုံကျေးရွာတို့တွင် စည်းရုံးရေး သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းဖော်ထုတ်သိရှိရသည်။
ထို့ကြောင့် စစ်ကြောဖော်ထုတ်ချက်များအရ ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင် မှအပ ကျန် ၈ ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ၎င်းတို့အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွား မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment