Monday, July 6, 2020

ကျောက်တော်မြို့နယ် ကစ္စပနဒီတံတားအနီး၌ ဖမ်းဆီးမိသော AA အကြမ်းဖက် သောင်းကျန်းသူနှင့် အမာခံ ၃ ဦးတို့အား အမှုဖွင့်အရေးယူလျက်ရှိ

ကျောက်တော်မြို့နယ် ကစ္စပနဒီတံတားရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျောက်တော်မြို့မှတဆင့် AA အ ကြမ်းဖက်သောင်းကျန်းသူများထံသို့ လက်နက်ခဲယမ်းများ၊ ရိက္ခာနှင့် အခြားထောက်ပံ့ပစ္စည်းများ သယ် ဆောင် မှုမရှိစေရေး ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဇူလိုင်လ ၃ ရက် နံနက်တွင် မြောက်ဦးဘက်မှ ကျောက်တော်ဘက်သို့ ကားလမ်းအတိုင်း လမ်းလျှောက်လာသော အားကစားဝတ်စုံ ဝတ်ဆင်၍ ကျောပိုး အိတ်လွယ်ထားသည့် လူတစ်ဦးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မသင်္ကာဖွယ်ကြည့်နေသည်ဟု သံသယရှိသ ဖြင့် ခေါ်ယူစစ်ဆေးရာ ၎င်းမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ မောင်မောင်ဌေး ၁၉နှစ် အဘ ဦးပြားမောင် ရခိုင်၊ ဗုဒ္ဓ၊ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနေသူဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ရှာဖွေစစ်ဆေးနေစဉ် နေ့လယ်ပိုင်းတွင် ကျောက်တော်မှ မြောက်ဦးသို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာသော မသင်္ကာဖွယ် ကျောက်တော်မြို့နယ် ပိန္နဲချောင်းကျေးရွာနေ ရဲထွန်း အဘ ဦးမောင်သိန်းအောင် ၂၄ နှစ်နှင့် နေမျိုးထွန်း အဘ ဦးမောင်သိန်းဦး ၂၀ နှစ် တို့အား တားဆီးစစ်ဆေးခဲ့သည်။ မောင်မောင်ဌေးအား အသေးစိတ်စစ်ဆေးချက်နှင့် ဆက်စပ်ဖော်ထုတ်ချက်များအရ ၎င်းတို့ ၂ ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ၊ သတင်းပေးများ ဖြစ်ကြောင်းဖော်ထုတ်ရမိသဖြင့် ဇူလိုင် ၄ ရက်တွင် ၎င်းတို့ ၃ ဦးအား ကျောက်တော်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment