Tuesday, July 21, 2020

ကျောက်ဖြူမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းချောင်းတံတား ဝန်းကျင်တဝိုက် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် စနဲကျေးရွာမှ အလယ်ချောင်းကျေးရွာ ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးအား မသင်္ကာ၍ ရပ်တန့် စစ်ဆေးခဲ့ရာ ကျော်လင်းစိုး၊ ၂၇ နှစ်၊ (ဘ)ဦးကျော်သန်း၊ ရခိုင်၊ ဗုဒ္ဓ၊ ရမ်းဗြဲမြို့နယ် ဂျီဖြူတောင်ကျေးရွာနေသူဖြစ်ကြောင်း သိရှိရသည်။
ကျော်လင်းစိုးအား မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးရာ နိုင်ငံသားစိစစ်ရေးကတ် ၁ ခုနှင့်အတူ Vivo Smart ဖုန်းတစ်လုံးအား တွေ့ရှိရပြီး ၎င်းဖုန်းအတွင်း၌ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် အပြန်အလှန်ပေးပို့ထားသည့် စာများ၊ အသံဖိုင်များ ပါရှိသဖြင့် ကျော်လင်းစိုးမှာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသဖြင့် တရားဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်ရေး မအီမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment