Tuesday, July 21, 2020

ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီးတွင် သင်တန်းသား အရာရှိ၊ စစ်သည်များစီးနင်းလာသောယာဉ်တန်းအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်များ စီးနင်းလာသော တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းတစ်ခုကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကယမန်နေ့ ည ၉ နာရီခန့်တွင် ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီးနေရာ ၆ နေရာမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီသွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ AA အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်၏ တန်ပြန် အကြမ်းဖက်နှိမ်နင်းမှုများကြောင့် သေကြေထိခိုက်ဒဏ်ရာ ရရှိမှုများပြားလာပြီး အထိနာလာသဖြင့် တပ်မတော်စစ်ကြောင်းများအား ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်းမရှိတော့ဘဲ ယခုကဲ့သို့ တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအားချောင်းမြောင်းပစ်ခတ်ခဲ့သည့်အတွက် အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment