Saturday, July 18, 2020

ရခိုင်တွင် တပ်မတော်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိဘဲ AA ကသာ အရပ်သားအသွင်ယူ တိုက်ခိုက်နေဟု သမ္မတရုံးပြော

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ကြား ဖြစ်ပျက်လျက်ရှိသောတိုက်ပွဲများအတွင်း တပ်မတော်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုမရှိဘဲ AAသာ အရပ်သားအသွင်ယူပြီး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဇူလိုင်လ ၁၇ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောဆိုသည်။
“ တပ်ကလည်း အပြစ်မဲ့ အရပ်သားပြည်သူတွေ ပစ်မှတ်ထားပြီး တိုက်ခိုက်တာမရှိပါဘူး။ ပြဿနာက ဘာလဲဆိုတော့ တိုက်ကွက်ဖော်တဲ့ AAက အရပ်သားအသွင်နဲ့ ယူပြီးတော့ တိုက်နေတာတစ်ချက် ဒုတိယတစ်ချက်က တိုက်ကွက်ဖော်တဲ့နေရာပေါ့။ နေရာရွေးချယ်မှုက ဒီရပ်ထဲရွာထဲ လုပ်တာက တစ်ချက်ပေါ့။ နောက် နံပါတ် သုံးအချက်က အဝေးကနေပြီးတော့ လှမ်းပစ်တဲ့အခါမှာ တကယ်စုံစမ်းတဲ့အခါကျရင်တော့ ကျည်သွားလမ်းကြောင်းတွေရှိတယ်။ ဘယ်ဘက်ကလာတယ်ဆိုတာ ဒါမျိုးတွေထိ ရှင်းဖို့လင်းဖို့အထိပြောပါတယ်။ အဲလိုမျိုး ချောင်းပစ်မြောင်းပစ်လုပ်တယ်။ ပြီးရင်တပ်မတော်ကို ပုံချတဲ့ဟာမျိုး ဒီသုံးချက်က အဲမှာနည်းနည်းလေး အခက်အခဲဖြစ်နေတယ်။ တချို့လည်း တကယ့်တိုက်ပွဲကြောင့် ထိခိုက်တာတွေလည်းရှိပါတယ်။ ကျွန်တော် အကုန်မဟုတ်ဘူးလို့ မပြောပါဘူး။ သို့သော် ROE အရ သူတို့အဲအတိုင်းပဲ လိုက်နာဆောင် ရွက်ဖို့လိုတယ်။ အကယ်၍ဖြစ်လာရင် နစ်နာသူကို တာဝန်ယူဆောင်ရွက်ပေးရမယ် တပ်မတော်ကော အစိုးရကော အကယ်၍ စွတ်စွဲမှုတွေက ခိုင်လုံတယ်ဆိုရင်လည်း ကျွန်တော်တို့ အရေးယူမယ်” ဟု ၎င်းကပြောဆိုသည်။
ထိုသို့ တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မတော် ခေါင်း ဆောင်များက အမြဲဆွေးနွေးဖြစ်ကြောင်း၊ တပ်မတော်သည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူ များကို ဒုက္ခမပေးဘူးဟု အာမခံကြောင်း၊ သို့သော် AA တပ်ဖွဲ့ဝင်များသည် အရပ်သားအသွင်းယူကာ တိုက် ခိုက်နေခြင်းကြောင့် အရပ်သားနှင့် သောင်းကြမ်းသူ ခွဲခြားရန် ခက်ခဲသော်လည်း တပ်မတော်သည် ROE စည်းမျဉ်းများနှင့် အညီလုပ်ဆောင်နေကြောင်း ဦးဇော်ဌေးကဆက်လက်ပြောဆိုသည်။
“ ဒီအရပ်သားတွေ ထိခိုက်မှုနဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်နဲ့ကြားမှာ ခေါင်းဆောင်တွေကြားမှာ မကြာ ခဏလိုလို ဆွေးနွေးနေပါတယ်။ ဆွေးနွေးတဲ့ အခါမှာလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ပါဝင်တော့ တပ်ဖက်ကလည်း တချို့ဖြစ်စဉ်တွေကို အသေးစိတ်ရှင်းလင်းပြပါတယ်။ ဥပမာ လက်နက်ကြီးကျတဲ့ ကိစ္စမျိုး မြေပုံနဲ့ ရှင်းပြတာတွေရှိတယ်။တပ်မတော်ဘက်ကလည်း အဲပိုင်းမှာတော့ ကျွန်တော်တို့ တစ်ချို့နေရာတွေမှာ တိုက်ပွဲဖြစ်တယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့အခါမှာ တိုက်ပွဲဖော်တဲ့ရောရာက အရပ်သား ရွာသူရွာ သားတွေ နေရာ ဖြစ်နေရင် ဒီ Collateral Damage ပေါ့။ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုတွေက ဟိုဘက်က ဖြစ်တယ်။ ဖြစ်တာကတော့ ကျွန်တော်တို့ကတော့ တပ်မတော်ကကလည်း အာမခံတယ် ။ အရပ်သားတွေက တိုက်ပွဲနဲ့ မဆိုင်ဘူး။ အပြစ်မဲ့ ပြည်သူတွေကို သူတို့ ဒုက္ခမပေးဘူး။ ဒါပေမယ့် ပြဿနာက ရခိုင်မှာ တပ်မတော်ဘက်က ဓာတ်ပုံတွေနဲ့ သတင်းထောက်တွေကို ပြတာရှိတယ်။ ကျွန်တော်တို့ အားကစားဝတ်စုံတွေနဲ့ အရပ်ဝတ်တွေနဲ့ ဒီလိုမျိုး တိုက်ခိုက်တာတွေရှိတယ်။ ဒါမျိုးအပိုင်းမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေနဲ့ သောင်းကျန်းသူတွေကို ခွဲဖို့ခက်တယ်။ တပ်မတော်ဘက်က ဘာလုပ်လဲဆိုတော့Rules Of Engagement (ROE) ပေါ့။ ROE ထုတ်ပြန်ထားတယ်။ အရပ်သားတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်ကို ရန်မူလာရင် ဘယ်လို လုပ်မလဲ။ ရန်သူအဖြစ်ဘယ်လိုခွဲခြားမလဲ စသည်ဖြင့် ပေါ့နော်။ ထုတျပွနျထားတယျ။ ပစ်ရင်တောင်ဘယ် လိုပစ်လဲဆိုတာဲ့ဟာအထိ ROE မှာပါပါတယ်။ ဒီလိုမျိုး တိုက်ပွဲနယ်မြေတစ်ခုပေါ့နော်။ သွားတဲ့အချိန်မှာ ဒီအဲရပ်သားတွေနဲ့ ရောထွေးပြီးတော့ ရွာမှာရှိတဲ့ အိမ်တွေမှာ တိုက်ကွက်ဖော်တဲ့ ကိစ္စက ဒီပြဿနာကို ဖြစ်စေတာပဲ။ ဖြစ်စဉ်ကတော့ လက်နက်ကြီး ကျတာဖြစ်စေ။ လက်နက်ငယ်ကြောင့်ဖြစ်စေ ဒီလိုမျိုး တိုက်ထိခိုက်မှုတွေဆုံးရှုံးတဲ့အခါ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တော်တော်လေး စိတ်မကောင်းဘူး" ဟု ၎င်းက ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ကြား ၂ဝ၁၈ခုနှစ် ဇွန်လမှ ၂ဝ၁၉ခုနှစ် မေလအထိ တိုက်ပွဲဖြစ်ပွားမှု ၁၂၉ကြိမ်ရှိပြီး ၂ဝ၁၉ခုနှစ် ဇွန်လမှ ၂ဝ၂ဝ ခုနှစ် မေလအထိ တိုက်ပွဲဖြစ်ပွားမှု ၂၇၃ကြိမ်ရှိကြောင်း၊ အဆိုပါ နှစ်ဖက်တိုက်ပွဲများအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများမှာ ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၉ခုနှစ် ဒီဇင်ဘာလအထိ အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၉၉ဦး၊ သေဆုံးသူ ၁ဝ၁ဦး၊ ၂ဝ၂ဝခုနှစ် ဇန်နဝါရီလမှ မေလအထိ အရပ်သားထိခိုက်ဒဏ်ရာရရှိသူ ၃၄၄ဦးနှင့် သေဆုံးသူ ၁၅၁ ဦးရှိကြောင်း ရခိုင်ပြည်နယ် မြို့နယ် ၇မြို့နယ်တွင် တစ်နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ထားမှုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီပေးပို့သည့် အိတ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ကြားတိုက်ပွဲဖြစ်ပွားနြေခင်းကြောင့် ၂ဝ၂ဝခုနှစ် ဇူလိုင် လ ၇ရက်နေ့ထိ နေရပ်စွန့်ခွာ ထွက်တိမ်းရှောင်နေရသော ပြည်သူအရေအတွက် ၁၉ဝ၇ဝ၈ ဦး ရခိုင်တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံး(REC) ထုတ်ပြန်ချက်အရသိရသည်။
Ref ; Khit Thit Media

0 comments:

Post a Comment