Friday, July 17, 2020

တပ်မတော်နှင့်AA အကြမ်းဖက်အဖွဲ့ ရွာသားတွေမရှိသည့် ကျောက်တန်းကျေးရွာတွင်တိုက်ပွဲဖြစ်ပွား၊ အရပ်သားများအား ထိခိုက်ဒဏ်ရာရဟု ရခိုင်အခြေစိုက်မီဒီယာများနှင့် ပြည်ပအခြေစိုက်သတင်းများမှဖော်ပြနေ

ရွာသားတွေမရှိသည့် ကျောက်တန်းကျေးရွာတွင် မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း အရပ်သားများအားထိခိုက်ဒဏ်ရာရဟု ရခိုင်အခြေစိုက်မီဒီယာများနှင့် ပြည်ပအခြေစိုက်သတင်းများမှ ဖော်ပြထားသည်။
ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေနှင့် ကျောက်တန်းကျေးရွာများတစ်ဝိုက် အခြေပြုနေသော AA အကြမ်းဖက်သောင်းကျန်းသူများမှ ကျေးရွာသားများအား လူသစ်အတင်း အဓမ္မ စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ရွာများတွင်အခြေပြုကာ ရွာသားများကို လူသားတံတိုင်းအဖြစ်အသုံးပြုကာ တိုက်ပွဲများ ဖန်တီးနေခြင်း၊ ရသေ့တောင်မှ ကျောက်တန်း၊ ဖုန်ညိုလိပ်နှင့် ဘူးသီးတောင်မြို့သို့ဆက်သွယ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းအား ပိတ်ဆို့ကာ ထိန်းချုပ်နေရာယူလာခြင်းတို့ကြောင့် တပ်မတော်မှ အကြမ်းဖက်နှိမ်နင်းမှုနှင့် စစ်ဆင်ရေးပြုလုပ်နေလျှက်ရှိသည်။
အစိုးရမှ ရသေ့တောင်မြို့နယ်မြို့နယ်အတွင်းရှိ ကျောက်တန်းကျေးရွာအနီး AA အကြမ်းသောင်းကျန်းသူများရောက်ရှိနေကြောင်းသတင်းအရ “ကျောက်တန်းကျေးရွာအနီး နယ်မြေရှင်းလင်းမည်”ဆိုသည့် ညွှန်ကြားချက်အား ဇွန်လ (၁၅) ရက်နေ့ကထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ နားလည်မှုလွဲကာ အနီးရှိ ကျေးရွာပေါင်း (၄၀)ကျော်အား စာထုတ်ပြန်ခဲ့သည် ထိုစာထုတ်ပြန်သည့်နေ့မှစ၍ လကုန်ပိုင်းအထိ ကျောက်တန်းကျေးရွာ အပါအ၀င်အနားရှိ ထီးစွဲကျေးရွာနှင့် အောင်သာဇေကျေးရွာမှလူများပါ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၍ မြို့ပေါ်တိုက်ပွဲရှောင်စခန်များဆီသို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ထိုသို့ တိမ်းရှောင်ခဲ့သည်ကို ရခိုင်အခြေစိုက် မီဒီယာများဖြစ်သည့် Development Media Group ၊ Narinjara အပြင် RFA Burmese သတင်းဌာများမှ ပုံများ Video File များဖြင့်ပါတင်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဇွန်လ ၂၆ ရက်နေ့မှစ ကျေးရွာများမှထွက်လာခဲ့ပြီး လကုန်ပိုင်းအချိန်တွင် ကျေးရွာများတွင် မည်သူမှမရှိတော့ဘဲ AA အမာခံမိသားစု၀င်များနှင့် AA လက်နက်ကိုင်အဖွဲ့များသာ ရှိခဲ့ကြောင်း မြို့ပေါ်တိုက်ပွဲရှောင်စခန်းတွင် ရောက်ရှိနေသည့် ကျောက်တန်းကျေးရွာသားတစ်ဦးမှ အတည်ပြုပြောဆိုသည်။
“ ကျနော်တို့တစ်တွေရာကထွက်မလာခင်၊ ပဋိပက္ခဖြစ်ခဲ့ရတာတွေရှိတယ်၊ အစိုးရက နယ်မြေရှင်းမယ်ပြောလို့ ကျေးရွာသားတွေက AAကအဖွဲ့တွေကို မင်းတို့မထွက်လို့ တပ်က လာတိုက်ရင် ငါတို့ပဲထိမှာ ရွာကနေထွက်ပေးကြဖို့ပြောလို့ တစ်ချို့ဆို အဖမ်းခံလိုက်ရတဲ့ သူတွေတောင်ရှိတယ်၊ သူတို့မထွက်လို့ ကျနော်တို့တွေထွက်လာတာ၊ တိုက်ပွဲဖြစ်ရင် လူမပြောနဲ့ ခွေးတောင်မနေရဲဘူး၊ တိုက်ပွဲဖြစ်တော့မှာကိုသိပြီးနေရဲတာ တိုက်ပွဲကြားမှာနေနေတာဆိုတာ ဘယ်သူတွေလည်းစဉ်းစားကြပေါ့ ကျနော်တို့ကသိတယ် အသတ်ခံရမှာဆိုးလို့ မပြောရဲဘူး” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ကျောက်တန်းကျေးရွာသားတစ်ဦးမှ အတည်ပြုပြောဆိုသည်။
မနေ့က ကျောက်တန်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် AA အဖွဲ့မှ သူများ သေတာနဲ့ ဒဏ်ရာရရှိသူများကြောင်း၊ သေတဲ့သူတွေကို ရက်လည်လုပ်ဖို့ တိုက်ပွဲရှောင်စခန်းတွင် အခုလုပ်နေတာရှိကြောင်း၊ ဒဏ်ရာရသူတွေကို သွားခေါ်ဖို့ ပရဟိတအဖွဲ့တွေနဲ့ညိုနှိုင်းနေတာတွေ ရှိကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့်လက အဆိုပါကျောက်တန်းကျေးရွာ၌ ရွာသားများအားလုံး ထွက်ပြေး ခဲ့ကြကြောင်း သတင်းတင်ခဲ့သည့် Development Media Group ၊ Narinjara နှင့် RFA Burmese သတင်းဌာများမှ ၁၆ ရက်၊ ဇူလိုင်လ၊ ၂၀၂၀ခုနှစ် နေ့တိုက်ပွဲတွင် အရပ်သားများဒဏ်ရာရရှိမှုများ ရှိကြောင်း သတင်းများလွှင့်တင်ထားသည်။
Crd : Min Chit Oo #Myanmar_Online_News

0 comments:

Post a Comment