Thursday, July 16, 2020

ကျောက်ဖြူမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သူ အမာခံတစ်ဦး ထပ်မံဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတွန်ကျေးရွာ၌ ဇူလိုင် ၁၃ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူ အမာခံတစ်ဦးဖြစ်သည့် စောမောင်(ဘ) ဦးမောင်စောသိန်းအား အနက်ရောင်မျက်နှာဖုံးခေါင်းစွပ်တစ်ခု၊ ဆက်ကြေးငွေနှင့် ရိက္ခာကောက်ခံထားသည့် စာရင်းစာအုပ်များ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်း၏နေအိမ်၌ပင် ဖမ်းဆီးရမိသည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
ဖမ်းဆီးရမိသူ စောမောင်အား စစ်ဆေးမေးမြန်းချက်များအရ တစ်ရွာတည်းနေ ညီဖြစ်သူ ညီညီထွန်း (ဘ)ဦးမောင်စောသိန်းသည် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ တစ်ဦးဖြစ်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ဇူလိုင် ၁၄ ရက်နေ့လယ် ၃ နာရီ ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ရေနံတွန်ကျေးရွာလမ်းအဝင်၊ အထွက်များအား ပိတ်ဆို့၍ ညီညီထွန်း၏ နေအိမ်အား ရှာဖွေရာ အသွား ၉ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းနှင့် ဓာတ်ခဲအားသွင်းခုံတစ်ခုအပါအဝင် အခြားဆက်စပ်ပစ္စည်း များနှင့်အတူ ညီညီထွန်းအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ညီညီထွန်းအား သက်ဆိုင်ရာသို့ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment