Tuesday, July 14, 2020

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သည့် ရေနံတွန်ကျေးရွာသား ၁ ဦးအား တပ်မတော်မှ ခေတ္တထိန်းသိမ်းစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတွန်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ၌ ညနေပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ သတင်းအရ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ရေနံတွန်ကျေးရွာနေ ဦးစောမောင် ၃၈ နှစ် (ဘ) ဦးမောင်စောသိန်း၏ နေအိမ်အတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် ဆက်ကြေးငွေ နှင့် ရိက္ခာကောက်ခံထားသည့် စာရင်းများပါ စာအုပ် ၃ အုပ်၊ အနက်ရောင် ခေါင်းစွပ် ၁ လုံး၊ Power Bank အတွင်း ထည့်သွင်းအသုံးပြုသော ဓာတ်ခဲခြောက် ၁ စုံ၊ ၆ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း၊ Smart ဖုန်း ၁ လုံး၊ Keypad ဖုန်း ၁ လုံးနှင့် AA အကြမ်းဖက်သောင်းကျန်းသူနှင့်ပတ်သက်သည့် လက်ရေးစာတမ်းပါ စက္ကူခေါက် ၁ ခုတို့အား ရှာဖွေတွေ့ရှိခဲ့သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများအရ စောမောင်သည် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသဖြင့် ခေတ္တ ထိန်းသိမ်းဖမ်းဆီးကာ လိုအပ်သည့် စစ်ကြောမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_news

0 comments:

Post a Comment