Tuesday, July 21, 2020

AAအကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ်သူ ၁ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေဖြင့် အရေးယူ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ ထိန်းသိမ်းစစ်ဆေးနေသော AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသည့် အမာခံ ဖြိုးဝင်းအောင်နှင့် ထွန်းမြင့်စိုးတို့ ၂ ဦး၏ စစ်ကြောထွက်ဆိုချက်များအရ ၎င်းတို့ ၂ ဦးအနက် ထွန်းမြင့်စိုးသည် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး ဖြိုးဝေအောင်သည် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် မပတ်သက်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။
အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သူ ထွန်းမြင့်စိုးအား ကျောက်ဖြူမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် ဖြိုးဝေအောင်အား ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် ကျောက်ဖြူမြို့မရဲစခန်းမှတစ်ဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် မိဘများထံသို့ စနစ်တကျ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment