Sunday, July 12, 2020

AA အကြမ်းဖက်အဖွဲ့၏ ရိက္ခာပစ္စည်းတို့အား လမ်းမှတဆင့်တင်ပို့ပေးနေသော အမာခံ ၂ ဦးအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာရှိ AA အမာခံ ၂ဦးအား ယမန်နေ့ ဇူလှိုင် ၁၁ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။၎င်းတို့မှာ AA အဖွဲ့၏ အခြေပြု နေရာများထံသို့ ရိက္ခာများအား တဆင့်ပို့နေသူများဖြစ်သည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ စိုင်ခြုံကျေးရွာမှ ကိုထွန်းမြင့်စိုး အသက်(၃၃)နှင့် ကိုဖြိုးဝင်းအောင် အသက်(၂၀)နှစ်တို့ ဖြစ်ကြောင်း ကျေးရွာသားများက ဆိုသည်။
ယမန်နေ့ နံနက် ၄ နာရီအချိန်ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဒေသခံတစ်ဦး၏ သတင်းပေးချက်အရ စိုင်ခြုံကျေးရွာအားဝင်ရောက်၍ လူများအားစုဝေးကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၎င်းတို့ ၂ဦးမှာ AA အဖွဲ့နှင့် ဆက်သွယ်ပြောဆိုထားသော ဖုန်းမက်ဆေ့ချ် များအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကျေးရွာနှစ်ဦးအား သံသယဖြင့်ဖမ်းဆီးကာ ကျေးရွာနှင့်တစ်မိုင်ကျော်ဝေးသည့် ကျောက်ဖြူမြို့ ဓညဝတီရေတပ်စခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စိုင်ခြုံကျေးရွာသား တစ်ဦးကပြောသည်။
“ ဒါကတော့ရှင်းပါတယ် သူတို့ဖုန်းတွေကို စစ်ကြည့်တဲ့အခါမှာ AA အဖွဲ့နဲ့ ဆက်သွယ်ထားတဲ့ မက်ဆေ့ချ်တွေနဲ့ calllog တွေရှိတယ်၊အဲ့တော့ သူတို့ကို ဖမ်းရမှာပဲလေ အခုတော့ ရေတပ်ထားတယ် "လို့ ၎င်းကပြောသည်။
ပြုစုထားသည့်စာရင်းအရ ပြီးခဲ့သည့်ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်၍ ဖမ်းဆီးထားခဲ့သူ ၁၉ ဦးရှိခဲ့သည်။
Ref ; May Yu Htar Nay

0 comments:

Post a Comment