Thursday, July 16, 2020

အလူမီနီယံသုံး 3D ဖောင်းကြွ နည်းပညာဖြင့် ပြုလုပ်ထားသည့် ရန်ကုန်မြို့အဝင် ပထမဆုံး 3D ဆိုင်းဘုတ်ကို တွေ့မြင်ရတော့မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon တို့ ပူးပေါင်း အကောင် အထည် ဖော်ကြသည့် ရန်ကုန်သို့ ပထမဆုံးမြို့အဝင် ဆိုင်းဘုတ်ကို အလူမီနီယံသုံး 3D ဖောင်းကြွ နည်းပညာဖြင့် ပြုလုပ်တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ အဆင့်မြင့် အရာရှိတစ်ဦး က ပြည်မြန်မာ သတင်းဂျာနယ်ကိုပြောသည်။
အဆိုပါ ဆိုင်းဘုတ် ဒီဇိုင်းကို ဗိသုကာ ပညာရှင် ဒေါ်မိုးသဲဖြူက မေတ္တာဖြင့် ရေးဆွဲပေးထားကြောင်း သိရသည်။
‘‘ကျွန်မတို့က ရန်ကုန်မြို့အဝင်မှာ Welcome To Yangon ဆိုတဲ့ ဆိုင်းဘုတ်ကို လုပ်တာ ဖြစ်တယ်။ YCDC နဲ့ We Love Yangonနဲ့ ပေါင်းပြီး လုပ်တာပါ။ ပန်းအလှဆင်တဲ့ လုပ်ငန်းတွေ ကိုတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ တစ်ခုတည်း ကနေ လုပ်တာ ဖြစ်ပါတယ်။ လုပ်ငန်း တစ်ခုလုံး ပြီးစီးဖို့ ကတော့ ဇူလိုင်လ ၁၆ ရက်ကို ခန့်မှန်းထားပါတယ်။ ဒီလ အတွင်းမှာတော့ ဖွင့်လှစ်နိုင်မှာပါ’’ ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကော်မတီဝင် ဒေါ်နန့်စုရွေဇင် (ခ) မဝိုင်းက ပြောသည်။
အဆိုပါဆိုင်းဘုတ်မှာ ပဲခူးမြို့ဘက်က လှည်းကူးဖက်သို့ လာသည့် မြို့ရှောင် လမ်းဆုံတွင် တည်ဆောက်နေခြင်း ဖြစ်ပြီး ဖြစ်ကြောင်း၊ ဆိုင်းဘုတ်တွင် ရန်ကုန်မြို့၏ အထင်ကရ နေရာများ ဖြစ်သော ရွေတိဂုံ စေတီတော်၊ ရန်ကုန်မြို့တော်ခန်းမနှင့် ကရဝိတ်နန်းတော်ပုံ တို့ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ခရီးဦးကြိုဆိုသည့် စာလုံးများကို မြို့အဝင်နေရာများ အားလုံးတွင် လှပစွာ တန်ဆာဆင်ခြင်း အ တွက် ပြည်တွင်း ပြည်ပ ခရီးသွားများ အတွက် စိတ်ကြည်နူးဖွယ်ရာ တစ်ခု ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
အလူမီနီယံသုံး 3D ဖောင်းကြွ နည်းပညာဖြင့် ပြုလုပ်ထားသည့် ရန်ကုန်မြို့အဝင် ပထမဆုံး 3D ဆိုင်းဘုတ်ကို တွေ့မြင်ရတော့မည်
Thursday, July 16, 2020
ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော်မတီ နှင့် We Love Yangon တို့ ပူးပေါင်း အကောင် အထည် ဖော်ကြသည့် ရန်ကုန်သို့ ပထမဆုံးမြို့အဝင် ဆိုင်းဘုတ်ကို အလူမီနီယံသုံး 3D ဖောင်းကြွ နည်းပညာဖြင့် ပြုလုပ် တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ အဆင့်မြင့် အရာရှိတစ်ဦး က ပြည်မြန်မာ သတင်းဂျာနယ်ကိုပြောသည်။
အဆိုပါ ဆိုင်းဘုတ် ဒီဇိုင်းကို ဗိသုကာ ပညာရှင် ဒေါ်မိုးသဲ ဖြူက မေတ္တာဖြင့် ရေးဆွဲပေးထားကြောင်း သိရသည်။
‘‘ကျွန်မတို့က ရန်ကုန်မြို့အဝင်မှာ Welcome To Yangon ဆိုတဲ့ ဆိုင်းဘုတ်ကို လုပ်တာ ဖြစ်တယ်။ YCDC နဲ့ We Love Yangonနဲ့ ပေါင်းပြီး လုပ်တာပါ။ ပန်းအလှဆင်တဲ့ လုပ်ငန်းတွေ ကိုတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ တစ်ခုတည်း ကနေ လုပ်တာ ဖြစ်ပါတယ်။ လုပ်ငန်း တစ်ခုလုံး ပြီးစီးဖို့ ကတော့ ဇူလိုင်လ ၁၆ ရက်ကို ခန့်မှန်းထားပါတယ်။ ဒီလ အတွင်းမှာတော့ ဖွင့်လှစ်နိုင်မှာပါ’’ ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကော်မတီဝင် ဒေါ်နန့်စုရွေဇင် (ခ) မဝိုင်းက ပြောသည်။
အဆိုပါဆိုင်းဘုတ်မှာ ပဲခူးမြို့ဘက်က လှည်းကူးဖက်သို့ လာသည့် မြို့ရှောင် လမ်းဆုံတွင် တည်ဆောက်နေခြင်း ဖြစ်ပြီး ဖြစ်ကြောင်း၊ ဆိုင်းဘုတ်တွင် ရန်ကုန်မြို့၏ အထင်ကရ နေရာများ ဖြစ်သော ရွေတိဂုံ စေတီတော်၊ ရန်ကုန်မြို့တော်ခန်းမနှင့် ကရဝိတ်နန်းတော်ပုံ တို့ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ခရီးဦးကြိုဆိုသည့် စာလုံးများကို မြို့အဝင်နေရာများ အားလုံးတွင် လှပစွာ တန်ဆာဆင်ခြင်း အ တွက် ပြည်တွင်း ပြည်ပ ခရီးသွားများ အတွက် စိတ်ကြည်နူးဖွယ်ရာ တစ်ခု ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment