Tuesday, June 23, 2020

ဗိုလ်တထောင် ကမ်းနားလမ်းတွင် YBS ၂၆ ယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ တိုက်မိပြီး YBS ယာဉ်မောင်း ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းတွင် YBS ၂၆ ယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ တိုက်မိမှုဖြစ်ပွားပြီး YBS ယာဉ်မောင်း ဒဏ်ရာရရှိမှု ဇွန် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ကမ်းနားလမ်းအတိုင်း ဗိုလ်တထောင်ဘုရားဘက်မှ လင်းစဒေါင်းဘက်သို့ မောင်းနှင်လာ YBS ၂၆ ယာဉ်သည် စည်ပင်ကွန်တိန်နာဝင်းရှေ့ အရောက်တွင် ဝင်းအတွင်းမှ ထွက်လာသည့် ကွန်တိန်နာယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် YBS ၂၆ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရ ရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“YBS က ဘုရားဘက်က မောင်းလာတာ။ စည်ပင်ကွန်တိန်နာဝင်း ရှေ့ရောက်တော့ ဝင်းထဲက ထွက်လာတဲ့ ကွန်တိန်နာနဲ့ တိုက်မိတာ။ YBS ယာဉ်မောင်းက ဒဏ်ရာရသွားတယ် ထင်တယ်” ဟု အနီးပတ်ဝန်းကျင်နေသူ တစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် အဆိုပါ နေရာအား သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့မှ ၁ နာရီခွဲကျော်ခန့် ယာဉ်ကြောရှင်းလင်းခဲ့ရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းမှ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

0 comments:

Post a Comment