Friday, June 19, 2020

ကိုဗစ် ကာကွယ်ဆေးထုတ်နိုင်ရေး တိုးတက်မှုရှိပြီး၊ ဒီနှစ်မကုန်ခင်မှာပဲ ဆေး ရလာနိုင်ကြောင်း WHO ပြော

ကမ္ဘာတလွှားကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကုသဆေးနဲ့ ကာကွယ်ဆေးတွေ ထုတ်နိုင်အောင် သုတေသန လုပ်ဆောာင်မှုတွေဟာ လျှင်လျှင်မြန်မြန် တိုးတက်လာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက ကြာသပတေးနေ့မှာ ၈ သန်းကျော် (၈,၄၁၀ ,၆၈၂) ရှိနေပြီး သေဆုံးရသူက သန်းတဝက်နီးပါး (၄၅၀,၇၁၆) ရှိနေပြီ ဖြစ်တဲ့ အတွက် ဒီရောဂါအတွက် ဆေးကို အားလုံးက အမြန်ရချင် နေကြတာ ဖြစ်ပါတယ်။
အခု ဒီဆေးရဖို့ သုတေသနလုပ်ဆောင်မှုတွေ အမြန်ကြီးတိုးတက်လာနေတယ် ဆိုပေမယ့် စိတ်ချလက်ချ သုံးနိုင်ဖို့တော့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ရအုံးမယ်လို့ WHO ကပြောပါတယ်။
ကိုဗစ်လူနာတွေ ကုသရေးအတွက် စျေးသက်သာပြီး အလွယ်တကူရနိုင်တဲ့ဆေးတွေ့
တိုးတက်မှု အလားအလာကောင်းတဲ့ ကာကွယ်ဆေးအနဲဆုံး အမျိုးပေါင်း ၂၀၀ လောက်ရှိပြီး အဲဒီ ထဲက ဆယ်ခုလောက် ကို အခု လူသားတွေနဲ့ စမ်းသပ်နေကြောင်းနဲ့ ၃ မျိုးကတော့ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ ဆေးခန်းတွေမှာ စမ်းသပ်တဲ့ အဆင့် ၃ ကို ရောက်တော့မယ်လို့WHO သုတေသန ပညာရှင်တွေရဲ့ အကြီးအကဲ Soumya Swaminathan က ပြောပါတယ်။
တကယ်လို့ ကံကောင်းရင် ဒီနှစ်မကုန်ခင်မှာပဲ ဆေး တစ်ခု ဒါမှမဟုတ် ၂ ခု လောက် ရလာနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
COVID-19 လူနာတချို့ဟာ အီဘိုလာရောဂါ ကုသရာမှာ သုံးတဲ့ Remdesivir ဆေးနဲ့ အချိန်တိုတို အတွင်း ပြန်ပြီးနလံထူလာတာကို တွေ့ရသူလို အခြေနေ သိပ်ဆိုးနေတဲ့ ကိုဗစ်လူနာတွေ ကိုလည်း ယောင်ယမ်းနာအတွက် ပေးတဲ့ dexamethasone ဆေးက အသက်ကယ်နိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် ငှက်ဖျားရောဂါ အတွက် သုံးတဲ့ hydroxychloroquine ကတော့ လုံးဝအကျိုးမရှိသလို တခါတရံ သေဆုံးမှုတွေပါ ရှိနေတာပါ။
>>zawgyi<<
ကိုဗစ် ကာကွယ်ဆေးထုတ်နိုင်ရေး တိုးတက်မှုရှိပြီး၊ ဒီနှစ်မကုန်ခင်မှာပဲ ဆေး ရလာနိုင်ကြောင်း WHO ပြော
Friday, June 19, 2020
ကမ္ဘာတလွှားကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကုသဆေးနဲ့ ကာကွယ်ဆေးတွေ ထုတ်နိုင်အောင် သုတေသန လုပ်ဆောာင်မှုတွေဟာ လျှင်လျှင်မြန်မြန် တိုးတက်လာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက ကြာသပတေးနေ့မှာ ၈ သန်းကျော် (၈,၄၁၀ ,၆၈၂) ရှိနေပြီး သေဆုံးရသူက သန်းတဝက်နီးပါး (၄၅၀,၇၁၆) ရှိနေပြီ ဖြစ်တဲ့ အတွက် ဒီရောဂါအတွက် ဆေးကို အားလုံးက အမြန်ရချင် နေကြတာ ဖြစ်ပါတယ်။
အခု ဒီဆေးရဖို့ သုတေသနလုပ်ဆောင်မှုတွေ အမြန်ကြီးတိုးတက်လာနေတယ် ဆိုပေမယ့် စိတ်ချလက်ချ သုံးနိုင်ဖို့တော့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ရအုံးမယ်လို့ WHO ကပြောပါတယ်။
ကိုဗစ်လူနာတွေ ကုသရေးအတွက် စျေးသက်သာပြီး အလွယ်တကူရနိုင်တဲ့ဆေးတွေ့
တိုးတက်မှု အလားအလာကောင်းတဲ့ ကာကွယ်ဆေးအနဲဆုံး အမျိုးပေါင်း ၂၀၀ လောက်ရှိပြီး အဲဒီ ထဲက ဆယ်ခုလောက် ကို အခု လူသားတွေနဲ့ စမ်းသပ်နေကြောင်းနဲ့ ၃ မျိုးကတော့ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ ဆေးခန်းတွေမှာ စမ်းသပ်တဲ့ အဆင့် ၃ ကို ရောက်တော့မယ်လို့WHO သုတေသန ပညာရှင်တွေရဲ့ အကြီးအကဲ Soumya Swaminathan က ပြောပါတယ်။
တကယ်လို့ ကံကောင်းရင် ဒီနှစ်မကုန်ခင်မှာပဲ ဆေး တစ်ခု ဒါမှမဟုတ် ၂ ခု လောက် ရလာနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
COVID-19 လူနာတချို့ဟာ အီဘိုလာရောဂါ ကုသရာမှာ သုံးတဲ့ Remdesivir ဆေးနဲ့ အချိန်တိုတို အတွင်း ပြန်ပြီးနလံထူလာတာကို တွေ့ရသူလို အခြေနေ သိပ်ဆိုးနေတဲ့ ကိုဗစ်လူနာတွေ ကိုလည်း ယောင်ယမ်းနာအတွက် ပေးတဲ့ dexamethasone ဆေးက အသက်ကယ်နိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် ငှက်ဖျားရောဂါ အတွက် သုံးတဲ့ hydroxychloroquine ကတော့ လုံးဝအကျိုးမရှိသလို တခါတရံ သေဆုံးမှုတွေပါ ရှိနေတာပါ။

0 comments:

Post a Comment