Tuesday, June 16, 2020

ရက်ပေါင်း ၅၀ ကြာ ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခြင်းမရှိအောင် ထိန်းချုပ်ထားခဲ့ ဘေဂျင်းမှာ တကျော့ပြန်ကူးစက်လာမှု WHO စုံစမ်းစစ်ဆေးနေ

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ Covid-19 ကူးစက်သူအရေအတွက် တဖန်ပြန်တိုးလာတာကို ကြည့်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်တဲ့နေရာတွေမှာတောင် တကျော့ပြန် ကူးစက်ပြန့်နှံ့ခြင်းမရှိအောင် အင်မတန် သတိထားဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
“ဘေဂျင်းမြို့တော်မှာ ရက်ပေါင်း ၅၀ ကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိအောင် ထိန်းချုပ်ထားခဲ့နိုင်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ လူ ၁၀၀ ရောဂါပိုးကူးစက်နေတာကို တွေ့ရကြောင်း၊ ရောဂါပိုး ဘယ်နေရာကနေ ဘယ်လိုစတင် ကူးစက်တယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း” WHO အကြီးအကဲ Ghebreyesus က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ တရုတ်နိုင်ငံတဝှမ်း ရောဂါပိုးကူးစက်သူ ၁၇၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်အတွင်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၃,၀၀၀ ရှိခဲ့ရာ အာဏာပိုင်တွေက ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ဆောင်ရွက်ခဲ့တာကြောင့် ရောဂါပိုး ကူးစက်သူ လုံးဝမရှိတော့တဲ့အနေအထားရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပေါ်စဉ်က ရောဂါပိုးကူးစက်ပြန့်နှံ့တဲ့အထဲ မပါခဲ့တဲ့ မြို့တော် ဘေဂျင်းပါ အခု တကျော့ပြန်ဖြစ်တဲ့အထဲ ပါဝင်လာတဲ့အပေါ် ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
>>zawgyi<<

0 comments:

Post a Comment