Wednesday, June 17, 2020

ရန်ကုန်တိုင်းတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီ(UNDP) ပါတီကို ကိုယ်စားပြုကာ တက်ကြွလှုပ်ရှားသူ နော်အုန်းလှ မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

ယခုလာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ် နော်အုန်းလှမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းနှင့်ပတ်သက်၍ "UNDP ပါတီက တာဝန်ပေးတာပေါ့။ အန်တီအနေနဲ့ကတော့ ကရင်တိုင်းရင်းသားတွေအတွက် ကိုယ်တတ်နိုင်သလောက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားပါ့မယ်" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီUNDP က ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေး ကော်မတီ(ဗဟို) ကို ဇွန်လ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီတွင် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် အဖွဲ့ဝင် ၉ ဦးရှိကာ နော်အုန်းလှမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။
လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ (UNDP) ပါတီကို (၉၀)ခုနှစ်ရွေးကောက်ခံအမတ်များဦးဆောင်ကာဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။
Crd : KhitThit

0 comments:

Post a Comment